Author Archives: Hlaing ChoOo
-
နေရပ်စွန်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် အိန္ဒိယနိုင်ငံက ဆောက်လုပ်လှူဒါန်းသော နေအိမ်များလွှဲပြောင်းပေးအပ်မှုသတင်း
ဇူလိုင် ၉၊ မောင်တော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် Union Enterprise for HumanitariunAssistance, Resettlement and Development in Rakhine State (UEHRD) ကော်မတီမှ ဦးတိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ ASEAN Secretariat နှင့် AHA Centre မှကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်း၌ ရောက်ရှိရာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ က စစ်တွေလေဆိပ်တွင်ကြိုဆိုခဲ့ကြပါသည်။ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်အတွင်း ယာယီစခန်းများတည်ဆောက်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းကိစ္စရပ်များညှိနှိူင်းဆွေးနွေးမှုသတင်း
ဇူလိုင် ၉၊ စစ်တွေ ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်ဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက တိုက်ပွဲရှောင်ပြည်သူများဖြစ်သော တိုင်းရင်းသားများနှင့် ဒေသခံ ပြည်သူများအတွက် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့က ပူပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုက်ပွဲ ရှောင်ပြည်သူများအတွက် ယာယီခိုလုံရန်နေရာများကို အစိုးရကတာဝန်ယူ၍ ဆောက်လုပ်ပေးလျက်ရှိကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများနှင့် ညှိနှိုင်းကာလိုအပ်သော ယာယီစခန်းများတည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယာယီနေထိုင်ရန်အတွက်သာဖြစ်ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများကို ယခုနှစ် … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ ပြန်/ဆက်ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၉-၇-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) အချိန်မှ (၁၂း၀၀) နာရီအချိန်အထိ မိုင်းဖြတ်မြို့နယ်၊ နမ့်ကုန်းအုပ်စု၊ ခတ်တန်ကျေးရွာမှ ကျောင်းသား/သူများ၊ ကျေးရွာသူ/သားများ စုစုပေါင်း (၅၅) ဦးတို့အား သဘာဝဘေးအသိပညာ ပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_jul2019
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျီးကြီးအုပ်စု၊ ကျီးကြီးရွာ၊ မီးလောင်ကုန်းအုပ်စု၊ ဇီးကုန်းရွာ၊ အင်္ဂပူမြို့၊ အမှတ် (၂) ရပ်ကွက်၊ ညောင်ကျိုးအုပ်စု၊ ညောင်ပင်သာကျေးရွာတို့၌ (၅-၇-၂၀၁၉) ရက်နေ့နှင့် (၆-၇-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၁) လုံးနှင့် အမိုးလန် ပျက်စီးအိမ်ခြေ (၄) လုံး၊ စုစုပေါင်း အိမ်ခြေ (၅) လုံး၊ လူဦးရေ (၃၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆၅,၁၀၀/-) ကျပ်၊ … Read more
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ ၊ ဆင်ပေါက်လှ (၂၁) လမ်း၌ (၃-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် (ကျူးတဲ) ပျက်စီးအိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ (၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၀,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၇) အိမ်ထောင်စာ တို့အား (၈-၇-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရေဆိုင် ကျးရွာအုပ်စု၊ တောင်ယာကြီးစုကျေးရွာနှင့် မြွေဟောက်ကျေးရွာအုပ်စု၊ မြွေဟောက်ကျးရွာတို့၌ (၇-၇-၂၀၁၉) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၈) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာ၊ ဒဏ်ရာရလူနာ (၁) … Read more
-
စိုးရိမ်ရေမှတ်နှင့် နီးစပ်နေသောမြို့များ၏ မြစ်ရေအခြေအနေများ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၀-၇-၂၀၁၉) ရက်နေ့၊ နံနက်(၀၆း၃၀) နာရီအချိန်တွင် တိုင်းတာရရှိသော စိုးရိမ်ရေမှတ်နှင့် နီးစပ်နေသောမြို့များ၏ မြစ်ရေအခြေအနေများကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ၌ (၈-၇-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ Family Kit (၁) ထုပ်၊ ရေပုံး အဖုံးပါ (၂) ပုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀,၀၀၀/-) … Read more
-
မော်လိုက်ခရိုင်ဦးစီးမှူးရုံး မြေပြင်လက်ကျန်စာရင်းကောက်ယူစစ်ဆေးခြင်းနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူများနှင့် ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၇-၂၀၁၉) ရက်နေ့တွင် မော်လိုက်ခရိုင်ဦးစီးမှူးရုံး မြေပြင်လက်ကျန်စာရင်းကောက်ယူစစ်ဆေးခြင်းနှင့် (၄) ခန်းတွဲ၊ (၂) ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #sgg_jul2019
-
School Cum Shelter တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာ၊ ရွာလေးချောင်းကျေးရွာ၊ ရှော်နီကျေးရွာတို့၌ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော School Cum Shelter များ၏ (၅၀%) တည်ဆောက်ပြီးစီးမှု အခြေအနေများအား (၉-၇-၂၀၁၉) ရက်နေ့တွင် လပွတ္တာမြို့နယ်၊ လုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #ayy_jul2019
