လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ အမှတ် (၁၅)ရပ်ကွက်၊ ၊ ဆင်ပေါက်လှ (၂၁) လမ်း၌ (၃-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် (ကျူးတဲ) ပျက်စီးအိမ်ခြေ (၇) လုံး၊ အိမ်ထောင်စု (၇) စုမှ လူဦးရေ (၂၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၅၀,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၇) အိမ်ထောင်စာ တို့အား (၈-၇-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fir
#mgy_jul2019