လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ကျီးကြီးအုပ်စု၊ ကျီးကြီးရွာ၊ မီးလောင်ကုန်းအုပ်စု၊ ဇီးကုန်းရွာ၊ အင်္ဂပူမြို့၊ အမှတ် (၂) ရပ်ကွက်၊ ညောင်ကျိုးအုပ်စု၊ ညောင်ပင်သာကျေးရွာတို့၌ (၅-၇-၂၀၁၉) ရက်နေ့နှင့် (၆-၇-၂၀၁၉) ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးအိမ်ခြေ (၁) လုံးနှင့် အမိုးလန် ပျက်စီးအိမ်ခြေ (၄) လုံး၊ စုစုပေါင်း အိမ်ခြေ (၅) လုံး၊ လူဦးရေ (၃၁) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆၅,၁၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၆၀,၀၀၀/-) ကျပ်၊ လုံးဝပျက်စီးအိမ်ခြေ (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာတို့အား (၉-၇-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events