လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရေဆိုင် ကျးရွာအုပ်စု၊ တောင်ယာကြီးစုကျေးရွာနှင့် မြွေဟောက်ကျေးရွာအုပ်စု၊ မြွေဟောက်ကျးရွာတို့၌ (၇-၇-၂၀၁၉) ရက်နေ့ တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ခြေ (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၁၈) ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာ၊ ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၇,၈၀၀/-) ကျပ်တို့အား (၉-၇-၂၀၁၉) ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၌ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#ayy_jul2019

Sign Up

Upcoming Events