နေရပ်စွန်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် အိန္ဒိယနိုင်ငံက ဆောက်လုပ်လှူဒါန်းသော နေအိမ်များလွှဲပြောင်းပေးအပ်မှုသတင်း

ဇူလိုင် ၉၊ မောင်တော
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် Union Enterprise for HumanitariunAssistance, Resettlement and Development in Rakhine State (UEHRD) ကော်မတီမှ ဦးတိုးအောင်နှင့်အဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှူဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ ASEAN Secretariat နှင့် AHA Centre မှကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်း၌ ရောက်ရှိရာ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ က စစ်တွေလေဆိပ်တွင်ကြိုဆိုခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံသံအမတ်ကြီး HE Mr.ShriSaurabh Kumar၊ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လျှပ်စစ်၊စက်မှူနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့နှင့်အတူ မောင်းတောမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ဆက်လက်ထွက်ခွာပြီး နေရပ်စွန့်ခွာသူများအတွက် အိန္ဒိယနိုင်ငံက ဆောက်လုပ်လှူဒါန်းသည့်နေအိမ် (၂၅၀) လုံးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် အိန္ဒိယနိုင်ငံသံအမတ်ကြီး HE Mr.ShriSaurabh Kumar က လှူဒါန်းရသည့်အကြောင်း ရင်းကို ပြောကြားခဲ့ပြီးအိမ်ရာ ဆိုင်ရာစာရွက်စာတမ်းများကို နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်း ကော်မတီပူးတွဲ ဥက္ကဌရခိုင်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊စက်မှူနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအစိုးရနှင့်အိန္ဒိယ အစိုးရတို့အကြားရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ သန်းဖြင့် ၅နှစ်တာကာလအတွင်း စုစုပေါင်း အမေရိကန် ဒေါ်လာ ၂၅ သန်းထောက်ပံသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အကူအညီများမှ ပထမနှစ်အနေဖြင့် Prefabricated Houses များကိုရွှေဇားကျေးရွာတွင် ၁၄၈လုံး၊နံသာတောင်ကျေးရွာတွင် ၄၂ လုံး၊ ကြိမ်ချောင်းတောင် ကျေးရွာတွင် ၆၀ လုံး စုစုပေါင်း ၂၅၀ လုံးအား ဆောက်လုပ်ပြီးစီးခဲ့ပြီးနောက် ယနေ့တွင် မြန်မာနိုင်ငံအစိုးရ သို့လွှဲပြောင်း ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာအရ ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေး အတွက်ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ကျေးလက်ဒေသလမ်းပန်းဆက်သွယ်ရေး၊ ရေနှင့် သန့်ရှင်းရေးစသည့် ကျယ်ပြန့်သော နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်း ၂၂ ခု ဆက်လက် အကောင်အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံအစိုးရအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များတွင်သာမက ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်းအားလုံးအတွက် လူမှု စီးပွားဘဝဖွံဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များတွင် ပါကူညီထောက်ပံ့မှုများအတွက် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ၏ကိုယ်စား လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့်နှစ်နိုင်ငံအကြား သမိုင်းကြောင်း တလျောက်တည်ရှိခဲ့သော ဆက်ဆံရေးကောင်းများကို တန်ဖိုးထားပါကြောင်းနှင့် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း ကောင်းပီ သသောအကူအညီကောင်းများအတွက် အသိအမှတ်ပြုသည်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ အာဆီယံ နိုင်ငံများမှလည်း ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိပြီး အာဆီယံနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များဖြင့်ဖွဲ့စည်းထားသည့် ASEAN Emergency Response and Assessment Team (ERAT Team) သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ကနဦးလိုအပ်ချက်များလေ့လာဆန်းစစ်မှုအား ပြုလုပ်ပြီးစီးခဲ့ပြီး အာဆီယံနိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ဖော်ထုတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ဒေသတွင်း အာဆီယံနိုင်ငံများသာမက ဂျပန်နိုင်ငံစသည့် မိတ်ဆွေ နိုင်ငံများ၏ အပြုသဘောဆောင်သော အကူအညီအထောက်အပံများ သည်မြန်မာနိုင်ငံအစိုးရ၏ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာပြင်ဆင်မှုများနှင့် အခြေအနေကောင်းများ ဖန်တီးပေးမှုများအတွက် များစွာအကူအညီ ဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာသူများပြန်လည် လက်ခံရေးနှင့်ပြန်လည်နေရာချထားရေး ဆိုင်ရာလုပ်ငန်းစဉ်များမှာ အိမ်ယာများအပါအဝင် အခြေခံအဆောက်အဦးများ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ အကူအညီများ လည်း လိုအပ်ပါ ကြောင်း၊ ယခုဆောက်လုပ်ပြီးစီးသွားသော နေအိမ်များကိုလည်းလိုအပ်သည့် ရေ၊မီး၊ကျန်းမာရေး၊ ပညာရေး၊ သက်မွေးဝမ်းကျောင်းလုပ်ငန်းများစသည့်တို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အိန္ဒိယနိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ဆောက်လုပ်ရေးအင်ဂျင်နီယာက အိမ်ပုံစံတူကိုပေးအပ်ရာလျှပ်စစ်၊ စက်မှူနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးလက်ခံခဲ့ပြီး ဒေသခံတစ်ဦးကကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံရိုက်ကူခဲ့ကြပါသည်။ု
ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွ့ဲသည် အိန္ဒိယနိုင်ငံသံအမတ်ကြီး HE Mr.ShriSaurabh Kumar နှင့်အတူ လွဲပြောင်းပေးအပ်သည့် အဆောက်အဦများအတွက် အထိမ်းအမှတ် ကဗ္ဗည်းမော်ကွန်းကို ဖွင့်လှစ် ပေးခဲ့ကြပြီး အဆောက်အဦများကို လှည့်လည်ကြည့်ရှုခဲ့ကြကာ ဒေသခံများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#rke_jul2019

Sign Up

Upcoming Events