Author Archives: Hlaing ChoOo

  • ကမ်းပြိုဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ အိုင်သပြုအုပ်စု၊ ကျောင်းကြီးပိုင်းကျေးရွာ၌ (၁၄-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၁၅-၇-၂၀၁၉) ရက်နေ့တွင် လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #ayy_jul2019

  • ရေဝင်အိမ်ထောင်စုများအား ပြောင်းရွှေ့ပေးခြင်းနှင့် ရေဘေးသင့်လူဦးရေစာရင်းများ ကောက်ယူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် ကသာမြို့၏ စိုးရိမ်ရေမှတ် (၁၀၄၀) စင်တီမီတာသို့ ရောက်ရှိနေပါသဖြင့် ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများရှိ ရေဝင် အိမ်ထောင်စုများအား ရေလွတ်ရာနေရာသို့ ပြောင်းရွှေ့ပေးခြင်း၊ ရေဘေးသင့် လူဦးရေစာရင်းများ ကောက်ယူခြင်း တို့ကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် သဘာဝဘေးကော်မတီတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019

  • သောက်သုံးရေလှူဒါန်းမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေရှားပါးလျက်ရှိသော ညောင်ဦးမြို့နယ်၊ တောရွာ ကျေးရွာအုပ်စု၊ တောရွာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၄၀) ဦးတို့အတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကို (၁၅-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး #ha_drg #mdy_jul2019

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့၊ အမှတ် (၄) ရပ်ကွက်၊ အမှတ် (၃) ရပ်ကွက်နှင့် ရွှေကူမြို့နယ်၊ တောပုန်းကျေးရွာတို့တွင် (၁၂-၇-၂၀၁၉) ရက်နေ့နှင့် (၁၃-၇-၂၀၁၉) ရက်နေ့တို့၌ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့စခန်းများဖြစ်ကြသော ရွှေကူမြို့၊ မြဝတီဘုန်းတော်ကြီးကျောင်း၊ သူဌေးတောရ ဘုန်းတော်ကြီးကျောင်း၊ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းသို့ အိမ်ထောင်စု (၄၆) စု၊ လူဦးရေ (၂၃၇) ဦးတို့သည် အသီးသီးပြောင်းရွှေ့နေထိုင်လျက်ရှိပြီး အဆိုပါ လူဦးရေ (၂၃၇) ဦးအတွက် … Read more

  • ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနှင့် ပြန်လည်နေရာချထားရေးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံမှုသတင်း

    ဇူလိုင်၁၄၊မော်လမြိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိ၏ထမ်းဆောင်ရမည့် တာဝန်၊ လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့်ကျင့်ဝတ်တို့ကို သိရှိကြရန်လိုအပ်ကြောင်း၊ ပြည်နယ်အဆင့်တွင် ဌာနခွဲ အသီးသီး၏ တာဝန်များကို မခွဲခြားဘဲ လုပ်ဆောင်နေကြရသည်ကိုသိရှိပါကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း အနေဖြင့် သတ်မှတ်ထားသော လုပ်ငန်းတာဝန်၊ Standard Operating Procedure များအလိုက်လိုက်နာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ အပြောင်းအလဲများဆောင်ရွက်ရာတွင် ပြည်သူများအတွက် အကောင်း ဆုံးဖြစ်အောင်၊ ပြည်သူ့ဆန္ဒနှင့် ကိုက်ညီအောင်ဖော်ဆောင်သွားကြရန် … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များ၊ သဘာဝဘေးကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုသတင်း

    ဇူလိုင်၁၄၊မော်လမြိုင် မွန်ပြည်နယ်အတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ သဘာဝဘေး ကူညီကယ်ဆယ်ရေး အဖွဲ့ အစည်းအသီးသီးမှ အဖွဲ့ဝင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုန့်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ ဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုအဟန့်အတား ဖြစ်စေသည့် ဘေးအန္တရာယ်များကို စီမံခန့်ခွဲမှုလုပ်ငန်းများဆောင်ရွက်ရန်ဥပဒေ၊ … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၂)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ ကသာမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြု နေထိုင်ကြပါရန် … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • မြစ်ရေအခြေအနေများ

    မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၄-၇-၂၀၁၉)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများ

Sign Up

Upcoming Events