Author Archives: Hlaing ChoOo
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိ်ုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပေါက်မြို့နယ်၊ နံ့သာကျေးရွာအုပ်စု၊ ကျအိုးကျေးရွာ၌ (၂၁-၇-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲကျမှုကြောင့် ဘေးသင့် ပြိုကျပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၄) မျိုး၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် ပေါက်မြို့နယ်၊ … Read more
-
Multi Purpose Shelter တည်ဆောက်ပြီးစီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၇-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ပက်ပြဲကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်နေသည့် Multi Purpose Shelter (၇၅%) ပြီးစီးမှုအခြေအနေများအား ဖျာပုံမြို့နယ် Shelter တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီအဖွဲ့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_jul2019
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ မှိုကုန်းကျေးရွာအုပ်စု/တောင်ပိုင်း၌ (၁၈-၇-၂၀၁၉) ရက်နေ့၊ (၁၉းဝ၅) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆,၃၀၀/-) ကျပ်နှင့် ဒဏ်ရာရလူနာ (၂) ဦးအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် … Read more
-
ရေဝင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
(၁၉-၇-၂၀၁၉) ရက်နေ့မှ (၂၁-၇-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်ရေကြီးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း ရပ်ကွက် ကျေးရွာအုပ်စု (၁၃) ခုမှ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု (၂၀၂၄) စု၊ လူဦးရေ (၈၈၃၀) ဦးတို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန် ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး၊ စာရင်းစစ်ချုပ်၊ တိုင်းဥပဒေချုပ်တို့နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းဦးစီးမှူးတို့မှ ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၈,၅၄၃,၀၀၀/-) ကျပ်တို့အား သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း … Read more
-
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပူးပါင်းကာ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ဒုတိယပတ်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဧရာဝတီ မြစ်ရေ မြင့်တက်မှုကြောင့် ကချင်ပြည်နယ်အတွင်း မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လူဉီးရေ (၂၂၀၀၀) ခန့်ကို ယာယီရေဘေးရှောင်နေရာများသို့ ပြောင်းရွှေ့ခဲ့ရကြောင်းနှင့် ယခုအခါ၌ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူမြို့တို့၌ စိုးရိမ်ရေအမှတ်အောက်သို့ ကျဆင်းသွားပြီဖြစ်ပြီး ရေဘေးရှောင်ပြည်သူများမှာလည်း ၎င်းတို့၏ နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့ကြပြီဖြစ်ကြောင်း သိရှိရပါသည်။ ဧရာဝတီမြစ်ရေသည် အဆိုပါမြို့များတွင် စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်း သွားပြီဖြစ်သော်လည်း (၂၂-၇-၂၀၁၉) နေ့အခြေအနေအရ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ … Read more
-
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ ပဉ္စမအကြိမ်အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ ဇူလိုင် ၂၂ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်း (၁၀:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ ထိုအစည်းအဝေးတွင် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည် ထူထောင် ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် … Read more
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာ၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာနှင့် မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာတို့၌ (၂၂-၇-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) အချိန်၌ ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၂၂) လုံး၊ အိမ်ထောင်စု (၂၅) စု၊ စုစုပေါင်းလူဦးရေ (၉၅) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၉၉,၅၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂,၂၀၀,၀၀၀/- ) ကျပ်၊ … Read more
-
ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့မှ (၁၆-၇-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်မြစ်ရေမြင့်တက်မှုကြောင့် သဖန်းပင်ကျေးရွာ၊ ငှက်ပျေားတောကျေးရွာ၊ စင့်ကင်ကျေးရွာ၊ ကောင်းစင့်ကျေးရွာ၊ လက်ပံတန်းကျေးရွာ၊ ကောင်းတုန်ကျေးရွာ၊ စင်းခန်းကျေးရွာ၊ ပါပေါင်းကျေးရွာနှင့် တိန်းသော်ကျေးရွာတို့မှ ရပ်ရွာဘုန်း ကြီးကျောင်း၊ ကျေးရွာစာသင်ကျာင်းနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့လာသော စုစုပေါင်း အိမ်ထောင်စု (၁၆၉) စု၊ လူဦးရေ (၇၈၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၆၅၀,၆၀ဝ/-)ကျပ်တို့အား(၂၂-၇-၂၀၁၉) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် ဗန်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေခါတွန်ကျေးရွာ၌ (၁၈-၇-၂၀၁၉) ရက်နေ့တွင် ချင်းတွင်း မြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ (၆) ဦးအတွက် ထောက်ပံ့ငွေ (၁၁၂,၆၀၀/-) ကျပ်နှင့် ညောင်ဝန်းကျေးရွာ၌ (၁၉-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပါးပြိုကျမှု ကြောင့် ကြိုတင်ဖျက်သိမ်း ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ် ထွေအုပ်ရုံး၌ … Read more
-
ကမ်းပြိုဘေး ကြိုတင်ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းအုပ်စု၊ ရှားပင်ကုန်းကျေးရွာနှင့် ဆင်ကျွန်းကျေးရွာတို့၌ (၁၇-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်း နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၈၀၀,၀၀၀/-) ကျပ်တို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါ သည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #bgo_jul2019
