လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေခါတွန်ကျေးရွာ၌ (၁၈-၇-၂၀၁၉) ရက်နေ့တွင် ချင်းတွင်း မြစ်ရေ တိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ (၆) ဦးအတွက် ထောက်ပံ့ငွေ (၁၁၂,၆၀၀/-) ကျပ်နှင့် ညောင်ဝန်းကျေးရွာ၌ (၁၉-၇-၂၀၁၉) ရက်နေ့တွင် ကမ်းပါးပြိုကျမှု ကြောင့် ကြိုတင်ဖျက်သိမ်း ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်တို့အား (၂၂-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ် ထွေအုပ်ရုံး၌ ဘေးသင့်ပြည်သူနှင့် ရာအိမ်မှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_rbe
#sgg_jul2019