လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၁၃-၇-၂၀၁၉) ရက်နေ့မှ (၁၆-၇-၂၀၁၉) ရက်နေ့အထိ ဧရာဝတီမြစ်မြစ်ရေမြင့်တက်မှုကြောင့် သဖန်းပင်ကျေးရွာ၊ ငှက်ပျေားတောကျေးရွာ၊ စင့်ကင်ကျေးရွာ၊ ကောင်းစင့်ကျေးရွာ၊ လက်ပံတန်းကျေးရွာ၊ ကောင်းတုန်ကျေးရွာ၊ စင်းခန်းကျေးရွာ၊ ပါပေါင်းကျေးရွာနှင့် တိန်းသော်ကျေးရွာတို့မှ ရပ်ရွာဘုန်း ကြီးကျောင်း၊ ကျေးရွာစာသင်ကျာင်းနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့လာသော စုစုပေါင်း အိမ်ထောင်စု (၁၆၉) စု၊ လူဦးရေ (၇၈၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၆၅၀,၆၀ဝ/-)ကျပ်တို့အား(၂၂-၇-၂၀၁၉) ရက်နေ့ (၁၂း၀၀) နာရီအချိန်တွင် ဗန်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏လက်ဝယ်အရောက်သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#kcn_jul2019