ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ ပဉ္စမအကြိမ်အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

 

 

နေပြည်တော်၊ ဇူလိုင် ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေး ခန်းမ၌ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏  ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်း (၁၀:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

ထိုအစည်းအဝေးတွင် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည် ထူထောင် ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက (၄-၁၀-၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင် ရေးလုပ်ငန်း များဆိုင်ရာ လုပ်ငန်းအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ငန်းအဖွဲ့ခွဲ(၆)ဖွဲ့မှာ ဖားကန့်ဒေသ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းအဖွဲ့ခွဲ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းအဖွဲ့ခွဲ၊ မြေယာစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ခွဲ၊ အသက်မွေးဝမ်းကျောင်း သင်တန်းပေးရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး လုပ်ငန်း အဖွဲ့ခွဲ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း အဖွဲ့ခွဲနှင့် ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့ခွဲတို့ ဖြစ်ပါကြောင်း၊ ထို့အပြင် အစိုးရ၏ ကြိုးပမ်းချက်များ အောင်မြင်ရန်အတွက် ကျယ်ပြန့်စွာပညာပေးရန်နှင့် လုပ်ငန်းအဖွဲ့ခွဲ များအကြား၊ သက်ဆိုင်ရာအစိုးရဌာနများအကြား၊ ပြည်နယ်နှင့်ဗဟိုအကြား ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ဒေသခံများ၏ ဝိုင်းဝန်းအားပေးကူညီမှုလည်း အရေးကြီးပါသည်ဟု လမ်းညွှန်မှာကြား မှုရှိပါကြောင်း၊  (၁၂-၆-၂၀၁၉) ရက်နေ့တွင် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်ချက်များဖြစ်သည့် ဖားကန့်ဒေသတွင် တရားဥပဒေစိုးမိုးရေး၊ ရွှေ့ပြောင်းအလုပ်သမားများ စစ်တမ်းကောက်ယူရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် အထူး စစ်ဆင်ရေးတစ်ရပ်ကို ဒေသခံအဖွဲ့အစည်းများနှင့် စွဲစွဲမြဲမြဲပူးပေါင်းဆောင်ရွက်ရေး၊ ကျောက်မျက် တူးဖော် ရာတွင် ယမ်းအမြောက်အများ မသုံးစွဲရန် စိစစ်ကြပ်မတ်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီ နေရာချထားမှုဆောင်ရွက်ရေး၊ သက်တမ်းလွန်လုပ်ကွက်များတွင် အပင်များ ပြန်လည်ပြုစု ပျိုးထောင်ရေး၊ ဥရုချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ဆောင်ရွက်ရေး၊ ကျောက်အချောထည်လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး တို့ကို ပေါင်းစပ်ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်း ဝိုင်းဝန်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများရှိ ဥက္ကဌများမှ သက်ဆိုင်ရာအဖွဲ့ခွဲများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ အစည်းအဝေးတက်ရောက်လာကြသူများမှ ဖားကန့်ဒေသ တရားဥပဒေစိုးမိုးရေးနှင့် မူးယစ် ဆေးဝါးတားဆီးနှိမ်နှင်းရေး၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး၊ ရွှေ့ပြောင်းအလုပ်သမား များအား စစ်တမ်းကောက်ယူရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြေယာစီမံခန့်ခွဲရေး၊ အသက် မွေးဝမ်းကျောင်းသင်တန်းပေးရေးနှင့် အလုပ်အကိုင်ရှာဖွေပေးရေး၊ ကျောက်အချောထည် လုပ်ငန်းများ အား ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရေး၊ လုပ်ငန်းအဖွဲ့ခွဲများအလိုက် ပုံမှန်အစည်း အဝေးများကျင်းပ နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ကာ အချိန်ဇယားများ သတ်မှတ်ဆောင်ရွက် ရေးတို့ကို ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#hl2

#kcn_jul2019

Source: MSWRR

 

Sign Up

Upcoming Events