Author Archives: Hlaing ChoOo

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် စစ်တွေမြို့နယ်၊ ဗုဒ္ဓမော်ကျောင်းတိုက်သို့ ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု (၈) စု၊ လူဦးရေ (၃၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂) ပတ်စာ ထောက်ပံ့ငွေ (၁၄၂,၈၀၀/-) ကျပ်တို့အား (၂၃-၈-၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်တွေခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #rke_aug2019

  • မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးလေဝသနှင့် ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နည်းပြများ ဖိတ်ခေါ် ၍ (၂၆-၈-၂၀၁၉) ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၌ မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါသင်တန်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်များ ကို ဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၈-၈-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၃) ရက်တာဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ကျောက်ဆည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mdy_aug2019

  • ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြုရန် အလှူရှင်များက အလှူငွေများအသီးသီးလာရောက်လှူဒါန်းမှုသတင်း

    နေပြည်တော်၊ သြဂုတ် ၂၆ မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် (၅၀,၀၀၀,၀၀၀ိ/-)(ကျပ်သိန်းငါးရာတိတိ/-)၊ SNK (ASIA PACIFIC)PTE;LTD. MAYANMAR BRANCH) ကလှူဒါန်းငွေကျပ် (၇,၆၀၀,၀၀၀ိ/-)(ကျပ်ခုနှစ်ဆယ့်ခြောက်သိန်းတိတိ/-) နှင့် မြန်မာနွယ်ဖွားတရုတ်လူမှုကူညီရေးပရဟိတအသင်းက လှူဒါန်းငွေကျပ် (၄,၀၀၀,၀၀၀ိ/-) (ကျပ်သိန်းလေးဆယ်တိတိ/-) ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အလားတူ ယနေ့ညနေပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးသို့လည်း အလှူငွေများ နှင့်ပစ္စည်းများလာရောက်လှူဒါန်းလျက်ရှိရာ ShweThazin Family and … Read more

  • ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ဝန်ကြီးဌာနသို့ အလှူငွေများလာရောက်လှူဒါန်း

    နေပြည်တော်၊ သြဂုတ် ၂၄ မြန်မာနိုင်ငံအတွင်း ရေဘေးဒဏ်ခံရသည့်ဒေသများအတွက် ထောက်ပံ့မှုများဆောင်ရွက်ရာတွင် အသုံးပြု နိုင်ရန် မတ္တရာမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်၍ မတ္တရာမြို့ သူ/မြို့သား၊ နယ်သူ/နယ်သားများမှ လှူဒါန်းငွေ ကျပ် (၁,၀၀၀,၀၀၀ိ/-) (ကျပ်ဆယ်သိန်းတိတိ/-) နှင့် ကျပ် (၄,၆၃၃,၀၀၀ိ/-) တန်ဖိုးရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများစုစုပေါင်းတန်းဖိုး (၅,၆၃၃,၀၀၀) ကျပ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ယနေ့နံနက်ပိုင်းတွင် လာရောက်ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပါ သည်။ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ဘေးဒုက္ခခံစားနေရသောပြည်သူများအတွက် စာနာစိတ်ဖြင့် … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ************************************************** ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခွဲခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း ပေဝက်ခန့် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် ****************** သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ ရွှေကျင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Sign Up

Upcoming Events