၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
**************************************************
ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၂)ပေခွဲခန့်ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး၊ လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း ပေဝက်ခန့် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
အကြံပြုချက်
******************
သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။