Author Archives: Hlaing ChoOo
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းလှမြို့နယ်၊ စာနီစုကျေးရွာအုပ်စု၊ တာကလေးကျေးရွာ၌ (၉-၉-၂၀၁၉) ရက်နေ့တွင် လေပြင်းတိုက်ခက်မှုကြောင့် လေဘေးသင့် အမိုးလန်နေအိမ် (၁) လုံးမှ ဘေးသင့်လူဦးရေ (၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၁၈,၉၀၀/-) ကျပ်တို့အား (၁၇-၉-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် မင်းလှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ ဘေးသင့် ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_sgw … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်း ချောင်းကျေးရွာနှင့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာတို့၌ (၁၅-၉-၂၀၁၉) ရက်နေ့နှင့် (၁၆-၉-၂၀၁၉) ရက်နေ့တို့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ဖျက်သိမ်းခဲ့သော အိမ်ခြေ (၂၃) လုံး၊ အိမ်ထောင်စု (၂၅) စု၊ လူဦးရေ (၁၀၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၂၂၈,၉၀၀/-) ကျပ်နှင့် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၂,၃၀၀,၀၀၀/-) ကျပ်တို့အား (၁၆-၉-၂၀၁၉) ရက်နေ့တွင် မြို့နယ်ဦးစီးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ … Read more
-
မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၁၉) ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့၌ မြို့နယ်အဆင့်သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသင်တန်းကို အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးမှ သင်တန်း သားကိုယ်စားလှယ် (၂၅) ဦးဖြင့် ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မွန်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို (၁၆-၉-၂၀၁၉) ရက်နေ့မှ (၂၀-၉-၂၀၁၉) ရက်နေ့အထိ (၅) ရက်တာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအား Portland State University မှ ECI လုပ်ငန်းတာဝန်ရှိသူများလာရောက်တွေ့ဆုံမှုသတင်း
၁၆-၉-၂၀၁၉၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား Portland State University မှ Early Intervention Program ၏ Program Coordinator ဖြစ်သူ Associate Professor, Dr. HollieHix-Small နှင့် ECI Team အဖွဲ့ဝင်များက ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနမှ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ခြင်းနှင့် ကလေး သူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မှုဝါဒနှင့်လုပ်ငန်းများ … Read more
-
မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း စာတမ်းမိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
စက်တင်ဘာ၁၆၊နေပြည်တော် မြန်မာနိုင်ငံမသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှုများအား ဆန်းစစ် လေ့လာခြင်း စာတမ်းမိတ်ဆက်ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဟိုတယ်ဇုန်ရှိ Royal Naypyitaw ဟိုတယ်၌ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်တက်ရောက်အမှာစကားပြောကြားပါသည်။ ဒုတိယဝန်ကြီးကပြောကြားရာတွင် မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အလမ်းအပေါ် သက်ရောက်မှု များအား ဆန်းစစ်လေ့လာခြင်း စာတမ်းကိုမြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်၊ နယ်သာလန်နိုင်ငံ သံရုံး၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် The Leporsy Mission Myanmar နှင့်ပူးပေါင်းကာမြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းသူများ ကြုံတွေ့ နေရသော မသန်စွမ်းမှုဆိုင်ရာအတားအဆီးများ၊ ခွဲခြားဆက်ဆံခံရမှုနှင့် အကျုံးဝင်ပါဝင်ခြင်းဆိုင်ရာအတွေ့အကြုံများ ကိုအခြေခံပြီး … Read more
-
တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် မိမိပါဝင်ဆောင်ရွက်ရမည့် ကဏ္ဍ အလိုက် အချိတ်အတက်မိမိ ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ရာသီဥတုပြောင်းလဲမှုနှင့် အတူ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးလုပ်ငန်းများကို ထည့်သွင်း ဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများ၊ သဘာဝဘေး အန္တရာယ်မကျရောက်မီ၊ ကျရောက်နေစဉ်၊ ကျရောက်ပြီးနောက် ဆောင်ရွက်ရမည့်လုပ်ငန်များကို ဆင့်ပွားအသိ ပညာပေးနိုင်ရန် ရည်ရွယ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့တို့၏လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ရုံးသည် “တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း(၂/၂၀၁၉)” ဖွင့်ပွဲအခမ်း အနားအား (၁၆-၉-၂၀၁၉) ရက်နေ့ … Read more
-
ရေဘေးသင့်ဒေသများ အလျင်အမြန်ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းငွေများလက်ခံရရှိမှုသတင်း
စက်တင်ဘာ၁၅၊ရန်ကုန် မြန်မာနိုင်ငံအတွင်းဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများ အလျင်အမြန်ပြန်လည်ထူထောင်ရေးအတွက် စေတနာရှင် ပြည်သူများ၏ လှူဒါန်းငွေများ၊ လူအသုံးအဆောင်ပစ္စည်းများကို ယမန်နေ့ညနေပိုင်းက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လာရောက်လှူဒါန်းကြရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကလက်ခံရယူခဲ့ပါသည်။ အခမ်းအနားတွင် အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးကရေဘေးသင့်ဒေသများအတွက် ယခုလိုလာရောက် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်အလှူငွေများကိုပေးအပ်ရာ ဒဂုံအရှေ့ စက်မှုဇုန် အပိုင်း(၁) အဆင့်မြှင့်တင်ကြီးကြပ်မှုကော်မတီက ငွေကျပ် (၇,၇၅၅,၀၀၀-/) နှင့် ငွေကျပ် (၁,၁၈၅,၀၀၀-/) တန်ဘိုးရှိလူအသုံး အဆောင် ပစ္စည်းများ၊ဒဂုံမြို့သစ် … Read more
-
ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်းကျေးရွာ၌ (၁၃-၉-၂၀၁၉) ရက်နေ့တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ခြေ (၈) လုံး၊ အိမ်ထောင်စု (၈) စု လူဦးရေ (၂၈) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၈၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၅၈,၈၀၀/-) ကျပ်တို့အား (၁၃-၉-၂၀၁၉) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ha_rbe #mgy_sep2019
-
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ပြီးစီးမှုအခြေအနေ
ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်တစ်ခုအတွက် ပြင်ဆင်ထားမှုအခြေအနေအား လေ့လာခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ပြုလုပ်ရန်၊ ဘေးအန္တရာယ်ကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးချိန်များတွင် လုပ်ဆောင်ရမည့် အစီအစဉ်များကို လေ့ကျင့်တတ်စေရန်၊ Inclusiveness (ထိခိုက်လွယ်အုပ်စု) များကို ဇာတ်တိုက်လေ့ကျင့်ခြင်းမှာ ထည့်သွင်းလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများသည် သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ ကညင်ကုန်း ကျေးရွာရှိ School Cum Shelter … Read more
-
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက်နှင့် (UEHRD) ပြည်ထောင်စုစီမံကိန်းတို့အတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း
နေပြည်တော်၊စက်တင်ဘာ၁၂ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော ရေကြီးရေလျှံမှုများနှင့်မြေပြိုမှုများကြောင့် ဘေးသင့်ဒေသ များအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် တောင်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် မြန်မာအသိုက်အဝန်းမိသားစုများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၄၀,၀၀၀) နှင့် ရခိုင်ပြည်နယ်လူသားချင်းစာနာမှုအကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားမိသားစုကလှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၃၀၀) တို့ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်တင်ကလည်းကောင်း၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းက ငွေကျပ်သိန်း (၆၀)နှင့် မြန်မာနိုင်ငံ အမြန်လမ်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နံှမှုကုမ္ပဏီလီမိတက်က ငွေကျပ်သိန်း (၂၀၀) ကိုလည်းကောင်း ယနေ့မွန်းလွဲ … Read more
