ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ပြီးစီးမှုအခြေအနေ

13 _ Pic _ 01 13 _ Pic _ 02 13 _ Pic _ 05 13_ Pic _ 03 13_ Pic _ 04
ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်တစ်ခုအတွက် ပြင်ဆင်ထားမှုအခြေအနေအား လေ့လာခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ပြုလုပ်ရန်၊ ဘေးအန္တရာယ်ကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးချိန်များတွင် လုပ်ဆောင်ရမည့် အစီအစဉ်များကို လေ့ကျင့်တတ်စေရန်၊ Inclusiveness (ထိခိုက်လွယ်အုပ်စု) များကို ဇာတ်တိုက်လေ့ကျင့်ခြင်းမှာ ထည့်သွင်းလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများသည် သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ ကညင်ကုန်း ကျေးရွာရှိ School Cum Shelter တွင် (၁၂-၉-၂၀၁၉) ရက်နေ့ (၀၉း၀၀) နာရီအချိန်၌ သာပေါင်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ကျေးရွာ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ၊ ကျောင်းသား/သူများ၊ စုစုပေါင်း အင်အား (၃၅၀) ဦးခန့်ဖြင့် ရေဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား ပူးပေါင်း၍ ကျင်းပပြု လုပ်ခဲ့ပါသည်။
ရေဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ရာတွင် ဇာတ်တိုက်လေ့ကျင့်ရေးကော်မတီဖွဲ့စည်း ခြင်းနှင့် တာဝန်များခွဲဝေခြင်း၊ ဘေးအန္တရာယ်ဖြစ်နိုင်ခြေကိုစိစစ်ခြင်း၊ မြေပုံအသုံးပြု၍ ဘေးကင်း နေရာကို ဦးစွာရွေးချယ်သတ်မှတ်ခြင်း၊ မိမိတို့ရောက်ရှိနေရာမှ ဘေးကင်းရာနေရာသို့ သွားမည့် လမ်းကြောင်းရေးဆွဲခြင်း၊ တိကျသော ကြိုတင်သတိပေးချက်ရရှိပြီးနောက် သတင်းအတည်ပြုခြင်း၊ ပြန်လည်ဖြန့်ဝေပေးခြင်း၊ ရှာဖွေကယ်ဆယ်ရေးသင်တန်း၊ ရှေးဦးသူနာပြု သင်တန်းပေးခြင်း၊ ကြိုတင် သတိပေးခြင်း၊ ရွှေ့ပြောင်းနေရာချထားခြင်း၊ ခိုလှုံရာစခန်း စီမံခန့်ခွဲခြင်း၊ ပျက်စီးမှုစာရင်း စိစစ် ကောက်ယူခြင်း၊ လုံခြုံရေးစီမံဆောင်ရွက်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်းများ ဖြန့်ဝေခြင်း၊ Hand Speaker (၁) လုံး၊ Radio (၁) လုံး၊ First Aid Kit (၅) အိတ်၊ Life Jacket (၃) ထည်နှင့် ဗွီနိုင်းပိုစတာများ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#fld_simex
#ayy_sep2019

Sign Up

Upcoming Events