Author Archives: Hlaing ChoOo

  • School Cum Shelter များ တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ်စု၊ ဆားချက်ကျေးရွာ၊ တာလူဖလောကျေးရွာတို့၌ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော Excellent Unity Co.Ltd ၏ School Cum Shelter များ (၅၀%) တည်ဆောက်ပြီးစီးမှုအခြေအနေမျာအးား လပွတ္တာမြို့နယ်၊ မြို့နယ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ (၂၁-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #ayy_sep2019

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၉) ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ငပုတော မြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ချောင်းဝကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ရာ ကျေးရွာနေပြည်သူ (၁၃၀) ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝ ဘေးအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်နှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_sep2019

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦး ထောက်ပံ့ငွေများပေးအပ်

    စက်တင်ဘာ ၂၂၊ ပဲခူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအားလုံးအတွက် ကနဦးထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများအတွက် အစိုးရကချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီအောင် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူကြောင့်ဖြစ်သော ဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်း များ၊ လူမှုရေးရာအဖြာဖြာနှင့် ဘေးအန္တရာယ်များကြောင့် လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် … Read more

  • တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (၂/၂၀၁၉) ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ သင်တန်းသား/သင်တန်းသူ (၅ဝ) ဦးဖြင့် (၁၆-၉-၂၀၁၉) ရက်နေ့မှ (၂၀-၉-၂၀၁၉) ရက်နေ့အထိ သင်တန်း ကာလ (၅) ရက်ကြာဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်အနားကို (၂၀-၉-၂၀၁၉) ရက်နေ့ (၁၅း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (လက်ထောက်ညွှန်ကြားရေးမှူး) မှ သင်တန်းဆင်းအမှာစကား ပြောကြားခြင်း၊ သင်တန်းသား/သင်တန်းသူများမှ ကျေးဇူးတင်စကားပြောကြားခြင်းနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ar #ayy_sep2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင် ရက်ကွက်နေပြည်သူလူထု (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) အချိန်မှ (၁၃း၃၀) နာရီအချိန်အထိ မော်လမြိုင်မြို့၊ ဇေယျာမြိုင်ရပ်ကွက်တွင် ရက်ကွက်နေပြည်သူလူထု (၁၅၀) ဦးအား သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_sep2019

  • လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ကျွန်းပင်စင်ကျေးရွာတွင် (၁၈-၉-၂၀၁၉) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် လေဘေးသင့် အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၉) စုနှင့် ဓမ္မရုံ (၁) လုံးတို့ အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၂၀,၀၀၀/-)၊ လူဦးရေ (၃၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၆၅,၁၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၈၅,၁၀၀/-) ကျပ်တို့အား (၂၀-၉-၂၀၁၉) ရက်နေ့ (၁၄:၀၀) နာရီအချိန် … Read more

  • တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ်ကျေးရွာ၊ ဘုရားပြင်သိန်း တန်ကျေးရွာ၊ ကျောက်ရန်ကျေးရွာ၊ ဝရကျွန်းကျေးရွာနှင့် ဘူးသီးတောင်မြို့ မြို့မရပ်ကွက်၊ လမ်းမဘုန်းတော်ကြီးကျောင်းစသည့် စုရပ်စခန်း (၅) ခုတွင် ယာယီခိုလှုံနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၉) စု၊ လူဦးရေ (၁၉၇၂) ဦးတို့အတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၆၁၆) အိတ်၊ (၆) ပြည်တို့အား (၂၀-၉-၂၀၁၉) ရက်နေ့ တွင် ဘူးသီးတောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီမှ … Read more

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီအချိန်တွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ Book Class စာဖတ် အသင်းတို့နှင့်ပူးပေါင်း၍ ဂန့်ဂေါမြို့နယ်၊ ပြစ်မကျေးရွာအခြေံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမ၊ ကျေးရွာ သူ/ကျေးရွာသား၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၆၀)ဦးတို့အား သဘာဝဘေး အန္တရာယ်များနှင့် ပတ်သက် သော ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်း များကို … Read more

  • ကမ်းပြိုဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် (၈-၉-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ် (၂) လုံးနှင့် လေဘေးကြောင့် ပြိုကျပျက်စီး နေအိမ် (၂) လုံး၊ နေအိမ် (၄) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၄) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးငွေ (၂၉,၄၀၀/-) ကျပ်၊ ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စုစာ၊ အမိုးလန်ဘုန်းကြီးကျောင်း (၁) … Read more

Sign Up

Upcoming Events