Author Archives: Hlaing ChoOo

  • တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘူးသီးတောင်မြို့၊ တောင်ရပ်ကွက်၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းရှိ ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၁၂၁)၊ လူဦးရေ(၄၃၇) ဦးအတွက် ဆန်ရိက္ခာ (၂) ပတ်စာ ဆန်(၆၃) အိတ်၊ (၁၇) ပြည်၊ (၄) ဘူးတို့အား (၃၀-၁၂-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #otr #rke_dec2019

  • စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အဖွင့်အမှာစကားပြောကြား

    ********************************************************* *************************** ဒီဇင်ဘာ၊၂၉၊ရန်ကုန် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်ကို မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(မီလီ)ကဦးဆောင်၍ ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဌ (၁) ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ရှေးဦးစွာ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများအနုပညာပွဲတော်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌဦးဝင်းမြ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး၊ … Read more

  • မြေပြိုဘေးအသိပညာပေးမြေစိုက်ဗီနိုင်းပိုစတာဆိုင်းဘုတ်များ စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ပေါင်မြို့နယ်၊ ရဲပြားကုန်းကျေးရွာ မလတ်တောင်မြေပြိုမှုနှင့် မြေပြိုနိုင်ခြေရှိသော ပေါင်မြို့နယ်အတွင်းရှိ နေရာများအပေါ် ဘူမိဗေဒပညာရှင်များ၏ ကွင်းဆင်းစစ်ဆေးမှုအစီရင်ခံစာပါ အကြံပြု ချက်များမှ မြေပြိုနိုင်မှုအန္တရာယ်ရှိသော ဒေသများမှ ပြည်သူများအနေဖြင့် မြေပြိုဘေး အန္တရာယ်နှင့် ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မုတ္တမကျေးရွာဘူတာအနီး၊ ရဲပြားကုန်း စာသင်ကျောင်းရှေ့၊ ရဲပြားကုန်းရွာရှေ့၊ ကျခတ်ငူရွာဘုန်းကြီးကျောင်းရှေ့၊ ကျုံကရွာနွားလဘို့ဘုရားမုတ်ဝအနီး၊ ကျွဲခြံရွာ အောင်စင်္ကြာစေတီအနီး၊ ပေါင်မြို့ပေါင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၊ မို့နိုင်းရွာဗညားဒလလမ်းထိပ်၊ ဖြူဘရွာ ကတိုက်ရေလှောင်တမံလမ်းခွဲအနီး၊ … Read more

  • မီးဘေးအန္တရာယ် ဆောင်ရန်/ရှောင်ရန် အသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်များဖြစ် ပွားလာပါက ပြည်သူ လူထုများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ဆောင်ရန်/ရှောင်ရန်အသိ ပညာပေးဗီနိုင်း ပိုစတာဆိုင်းဘုတ်အား (၂၃-၁၂-၂၀၁၉) ရက်နေ့၊(၁၅:၃၀)နာရီအချိန်၌ မြို့မရပ်ကွက်(အဝိုင်းပတ်)နေရာတွင် စိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_fir #mgy_dec2019

  • မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွန်ကျေးရွာအုပ်စု၊ ငေါ့ငါး ကျေးရွာ၌ (၁၇-၁၂-၂၀၁၉) ရက်နေ့ (၁၇:၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့် လုံးဝပျက်စီးအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ စုစုပေါင်းလူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး … Read more

  • ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်မော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ လီဆူ IDP စခန်းမှ မိမိတို့ဝယ်ယူထားသော မြေနေရာများသို့ ပြောင်းရွှေ့အိမ်ထောင်စု (၃၃) စု၊ လူဦးရေ (၁၂၈) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၈) မျိုး (၃၃) အိမ်ထောင်စာ၊ ဆန် တစ်လစာ (၄၀) အိတ်နှင့် ပြောင်းရွှေ့စရိတ် (၁) အိမ်လျှင် (၁၀၀,၀၀၀/-) ကျပ်နှုန်းဖြင့် (၃,၃၀၀,၀၀၀/-) ကျပ်တို့အား (၂၃-၁၂-၂၀၁၉) ရက်နေ့ (၁၀:၃၀) နာရီ … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၂-၂၀၁၉) ရက်နေ့တွင် (ADRA Myanmar) တို့နှင့် ပူးပေါင်း၍ ကော့ကရိတ်မြို့နယ်၊ ခနိမ်းဖော့ကျေးရွာရှိ ကျေးရွာသူ/သား စုစုပေါင်း (၃၀) ဦးတို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ (၁၈-၁၂-၂၀၁၉) ရက်နေ့အထိ သင်တန်းကာလ (၂) ရက်တာဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #krn_dec2019

  • မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မကျီးပင် (သုံးခွ)ကျေးရွာအုပ်စု၊ အုန်းတပင်(သုံးခွ)ကျေးရွာ၌(၁၅-၁၂-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးလောင်ကျွမ်းပျက်စီးခဲ့သည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၀) ဦးအတွက် အိမ်ဆောက် ပစ္စည်းဖိုး (၅၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၄၂,၀၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၅) အိမ်ထောင်စာတို့အား (၁၇-၁၂-၂၀၁၉) ရက်နေ့ (၁၈:၀၀) နာရီအချိန်တွင် … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး UN-Habitat အဖွဲ့အစည်း၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    ဒီဇင်ဘာ၁၇၊နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UN-Habitat အဖွဲ့အစည်း၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Mr. Atsushi Koresawa ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှုမြင့်မားရေးအတွက် နည်းပညာဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကမ္ဘာမြေစောင့်ကြည့်လေ့လာရေးနှင့် အာကာသ အခြေပြုနည်းပညာများအသုံးပြု၍ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သောသတင်းအချက်အလက် ရယူခြင်း၊ ဂြိုလ်တုပုံရိပ်သုံးနည်းပညာ (Remote Sensing) နှင့် ပထဝီဝင်သတင်းအချက် အလက်စနစ် … Read more

Sign Up

Upcoming Events