Author Archives: Hlaing ChoOo
-
အမျိုးသားအဆင့်မိုင်းကင်းစင်ရေးလှုပ်ရှားမှုဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပ
ဇန်နဝါရီ၃၊နေပြည်တော် အမျိုးသားအဆင့် မိုင်းကင်းစင်ရေးလှုပ်ရှားမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ မိုင်းကင်းစင်ရေး လုပ်ငန်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် မိုင်းကင်းစင်ရေးလုပ်ငန်းအတွက် အမျိုးသားအဆင့်အဖွဲ့အစည်းတစ်ခု ပေါ်ထွက်လာရေးညှိနှိုင်းကြရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူကြောင့် ဖြစ်သော ဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေးများတွင် ဘေးဒုက္ခခံစားကြရသူများအား ပံ့ပိုးကူညီမှု များကို ဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဘေးဒုက္ခများတွင်လက်နက်ကိုင်ပဋိပက္ခများကြောင့် မိမိတို့၏အိုးအိမ်၊ စည်းစိမ်များကို … Read more
-
အသိပညာပေးဗီနိုင်းပိုစတာ လဲလှယ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း ရာသီအလိုက်ဖြစ်ပွားတက်သော ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များကို ပြည်သူများ သိရှိစေရန်အတွက် အသိပညာပေးဗီနိုင်းပိုစတာများအား ပျဉ်းမနားမြို့၊ ရွှေညောင်ပင်ကားဂိတ်နှင့် ရွှေကြာပင်စျေးတို့တွင် (၃-၁-၂၀၂၀) ရက်နေ့၌ လဲလှယ်တပ်ဆင် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ) #ar #npw_jan2020
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဒေးဒရဲမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်း ကျေးရွာ၌ (၁-၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၃,၁၀၀/-) ကျပ်တို့အား (၃-၁-၂၀၂၀) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more
-
သီပေါမြို့နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် ဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၁-၂၀၂၀) ရက်နေ့ (၂၁:၀၅) နာရီအချိန်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းများကြောင့် သီပေါမြို့နယ်အတွင်း ကျေးရွာအုပ်စု(၅)စု၊ ကျေးရွာပေါင်း(၁၀)ရွာမှ အမိုးလန်ပျက်စီးခဲ့သော နေအိမ် (၂၀၁) လုံးအတွက် ထောက်ပံ့ငွေ (၁၀,၅၈၈,၀၀ဝ/-)၊ ပြိုလဲနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ UNICEF Family kit (၇၉,၀၀ဝ/-)(၁)ပုံး၊ လူဦးရေ (၈၁၉) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇၃၇,၁၀ဝ/-)ကျပ်တို့အား (၃-၁-၂၀၂၀) … Read more
-
တိုက်ပွဲရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘူးသီးတောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ်၊ ဝရကျွန်းကျေးရွာ၊ ကျောက်စာတိုင်ကျေးရွာ၊ ငဖရုံကျေးရွာ၊ ဝါးနက်ရုံကျေးရွာ ၊ရွှေသီးကျေးရွာ၊ ဒုံးသိမ်ကျေးရွာ၊ ခွဆုံ(ရခိုင်)ကျေးရွာ၊ စုရပ်စခန်း (၇) ခုရှိ ရိက္ခာထပ်မံလိုအပ်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၂၇၅) စု၊ လူဦးရေ (၁၃၂၁) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ (၄၁၂) အိတ်၊ (၁၉) ပြည်၊ (၄) ဘူးတို့အား (၃-၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
မိုးရေချိန်စံချိန်သစ်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့ ထုတ်ပြန်ချက်)
-
မီးဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်ရှည်ကုန်း ကျေးရွာ၌ (၃၁-၁၂-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၀,၅၀၀/-) ကျပ်တို့အား (၁-၁-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ဒုတိယဝန်ကြီးဦးစိုးအောင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ဒီဇင်ဘာလ ၃၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဌဖြစ်သူ ဒေါက်တာအမယာမော်နိုင် ဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများအား ပြန်လည်နေရာချထားရေးအစီ အစဉ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သက်ဆိုင်ရာပြည်နယ် အစိုးရနှင့်ညှိနှိုင်း၍ မိုင်းအန္တရယ်အသိအပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရွေ့လျားဆေးပေးခန်းများ ဖွင့်လှစ်ခြင်းအပါအဝင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသေးစိတ်အစီအစဉ်များ ရေးဆွဲဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။ #hl2 #npw_dec2019 … Read more
-
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်အမှတ်စဉ် (၀၈/၂၀၁၉)
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ”ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် (၁.၁.၂၀၂၀) ရက်နေ့မှ (၆.၁.၂၀၂၀) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပါသည်။”
-
မီးဘေးသင့်နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကျေးရွာ အုပ်စု၊ ဆားကျင်းကျေးရွာ၌ (၂၉-၁၂-၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံဝပျက်စီး လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၃၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ ( ၂၉,၄၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂၉,၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း ( … Read more
