မီးဘေးသင့်နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညို ကျေးရွာ အုပ်စု၊ ဆားကျင်းကျေးရွာ၌ (၂၉-၁၂-၂၀၁၉) ရက်နေ့ (၀၉:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံဝပျက်စီး လူနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ( ၃၀၀,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ ( ၂၉,၄၀ဝ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂၉,၄၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း ( ၁၇) မျိုး (၃) အိမ်ထောင်စာတို့အား (၃၀-၁၂-၂၀၁၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူ များ လက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_fir
#npw_dec2019

Sign Up

Upcoming Events