Author Archives: Hlaing ChoOo

  • နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး သင်တန်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟောပြောပို့ချမှုသတင်း

    မတ်လ ၁၃ ၊ နေပြည်တော် လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများအတွက် နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာစွမ်းရည်မြှင့်တင်ရေးသင်တန်းကိုယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် ဇမ္ဗူသီရိ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်၍ တက်ရောက်ဟောပြောပို့ချခဲ့ပါသည်။ စွမ်းရည်မြှင့်သင်တန်းတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ် ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက် (၈၈) ချက်အနက် (၈၇) ချက်ကို လုပ်ငန်းစဉ်များ ချမှတ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဓိက ကဏ္ဍကြီး ၁၈ ခုရှိပါကြောင်း၊ … Read more

  • ဒုတိယဝန်ကြီး ဦးစိုးအောင်အား ရန်ကုန်မြို့ရှိ British Council ,Country Director မှ လာရောက်တွေ့ဆုံမှုသတင်း

    မတ်လ ၁၃ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်အား ရန်ကုန်မြို့ရှိ British Council, Country Director, Dr. Richard Sunderland က ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၏ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် British Council မှ ဆောင်ရွက်လျက်ရှိသော လူငယ်သုတေသနစီမံကိန်းအား ဝန်ကြီးဌာနက ဖွဲ့စည်းထားရှိသော Protocol and Ethic Board ၏ စည်းမျဉ်းများနှင့်အညီ ပြုစုဆောင်ရွက်ရေး၊ အဆိုပါ လူငယ်သုတေသနစစ်တမ်းအနေဖြင့် နိုင်ငံတော်မှ … Read more

  • အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း ဝေးခန်းမ၌ (၁၂-၃-၂၀၁၉) ရက်နေ့၊ (၀၉း၃၀) နာရီမှ (၁၁း၃၀) နာရီအချိန်အထိ ကျင်းပပြုလုပ်သည့် ဝန်ထမ်းများလုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး မွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၁၉) ၌ ဦးစီးဌာန၏ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်များ၊ ထောက်ပံ့ပေးမှုအခြေအနေများ၊ ဥပဒေနှင့် သဘာဝဘေးအန္တရာယ်များအကြောင်းများအား ဆွေးနွေးပို့ချခဲ့ရာ ဝန်ထမ်းစုစုပေါင်း (၄၆) ဦး တက်ရောက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_mar2019

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာ အုပ်စု၊ မကွေးကံပြားလမ်း၊ မိုင်တိုင်အမှတ် (၅/၇) အနီးဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၆,၈၀၀/-) ကျပ်တို့အား (၁၂-၃-၂၀၁၉) ရက်နေ့၊ (၁၀း၃၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ လောပလျားလဲကျေးရွာနှင့် မာခရော်ရှေ့ ကျေးရွာအုပ်စု၊ တနောကလောကျေးရွာများသို့ ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ဆင်ကကျေးရွာ၌် (၁၀-၃-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀/-) ကျပ်၊ လူဦးရေ (၅၀) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀၅,၀၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၄၀၅,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ထောင်စု (၁၃) စုစာတို့အား (၁၁-၃-၂၀၁၉) ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် အထွေထွေ … Read more

  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း (လူငယ်) သင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝလျော့ပါးရေးစေတနာ့ ဝန်ထမ်း (လူငယ်) သင်တန်းအား (၁၁-၃-၂၀၁၉) ရက်နေ့မှ(၁၃-၃-၂၀၁၉) ရက်နေ့အထိ ကရင်ပြည်နယ်၊ လှိုင်းဘ့ွဲ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ရာ လှိုင်းဘွဲမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး ကရင်ပြည်နယ်ဦးစီးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ စုစုပေါင်း (၅၀) ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကာလ (၃) ရက်တာဖြင့် … Read more

  • သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၃-၂၀၁၉) ရက်နေ့တွင် သောက်သုံး ရေရှားပါးလျက်ရှိသော ဖရူဆိုမြို့နယ်၊ ကေးလျားကျေးရွာအုပ်စု၊ ဒေါပိုရှေ့ကျေးရွာသို့ ရေဂါလံ (၃၀၀၀) ဆန့် ရေသယ်ယာဉ် (၁) စီးအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ha_drg #kyh_mar2019

  • ပခုက္ကူမြို့နယ်၊ ကျထိုးကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ကျထိုးကျေးရွာအုပ်စု၊ ဆုံကုန်းကျေးရွာ၌ (၂၅-၂-၂၀၁၉) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၂၆-၂-၂၀၁၉) ရက်နေ့ တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more

Sign Up

Upcoming Events