Author Archives: Hlaing ChoOo

  • လေဘေးအန္တရာယ်ကြိုတင်ကာကွယ်ပြင်ဆင်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၄-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ ဖြူးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လူငယ်ပရဟိတအသင်းအဖွဲ့ဝင်များနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျီးမနိုးကျေးရွာအုပ်စု၊ ကြက်ပေါင်ချောင်းကျေးရွာအုပ်စုနှင့် သာယာကုန်းကျေးရွာအုပ်စုများတွင် လေဘေး ကြိုတင်ကာကွယ်ရေး၊ အိုးအိမ်ပြုပြင်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) # ar_sgw # bgo_apr2019

  • ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာ လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာအုပ်စု၊ ညောင်လယ် ကျေးရွာ၌ (၅-၄-၂၀၁၉) ရက်နေ့၊ (၁ရး၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန် အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၆) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး အိမ်ထောင်စု (၁) စုစာတို့အား … Read more

  • အချိန်အခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၀၆/၂၀၁၉)

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်ထုတ်ပြန်ချက်အရ- “ယနေ့ မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ – အနောက်ဘက်မှလာသော လေအေးများနှင့် ဘင်္ဂလားပင်လယ်အော်မှလာသော လေနွေးများစုဆုံမှုကြောင့် (၆.၄.၂၀၁၉) ရက်နေ့မှ (၁၀.၄.၂၀၁၉) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။” အကြံပြုချက် ပြည်သူများအနေဖြင့် အချိန်အခါမဟုတ် မိုးရွာခြင်းနှင့်အတူ လေပြင်း များတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ … Read more

  • လေပြင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၉) ရက်နေ့တွင် အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးအုပ်စု၊ ကံဘက်အုပ်စု၊ ဝက်သေအုပ်စု၊ သက္ကယ်ပြင်(သံ)အုပ်စု၊ နောက်မီးအုပ်စုတို့မှ လေပြင်းဒဏ်ခံနိုင်ရည်အားနည်းသည့် နေအိမ်၊ အဘိုး၊ အဘွားများနေအိမ်၊ ဆင်းရဲနွမ်းပါးပြီး မိသားစု ဝင်များပြားသည့် နေအိမ် (၃၀) လုံးအား ရွေးချယ်ပြီး နေအိမ်များ မွမ်းမံပြင်ဆင်မှုဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာအုပ်စု တစ်ခုချင်းအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာစာရေး၊ စေတနာ့ဝန်ထမ်း လူငယ်များ၊ ကျေးရွာပြည်သူလူထုများနှင့်တွေ့ဆုံ၍ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များ မွမ်းမံပြင်ဆင်မည့် အစီအစဉ်များအား … Read more

  • သံဖြူဇရပ်မြို့နယ်၊ ကော့လေးကျေးရွာအုပ်စု၊ စွမ်းပလောင်ကျေးရွာ မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကော့လေးကျေးရွာအုပ်စု၊ စွမ်းပလောင်ကျေးရွာ၊ ရွာလယ်ပိုင်းတွင် (၃-၄-၂၀၁၉) ရက်နေ့၊ (၂၁း၀၀) နာရီအချိန်၌် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သည့် နေအိမ် (၁) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာ၊ Family Kit (၁) ထုပ်၊ ရေပုံး (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ … Read more

  • မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၄-၂၀၁၉) ရက်နေ့၊ (၁ရး၃၀) နာရီအချိန်တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ဘုရားလမ်းထောင့်၌ မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် စိုက်ထူပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_str #ayy_apr2019

  • “နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၂/၂၀၁၉)”

    မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ထုတ်ပြန်ချက်အရ- မြန်မာနိုင်ငံအရပ်ရပ်တွင် နွေကာလဖြစ်သည့် မတ်လနှင့် ဧပြီလများအတွင်း နေ့အပူချိန်များ တစ်ဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်း တို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ … Read more

  • လေပြင်ဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၅-၃-၂၀၁၉) ရက်နေ့၊ (၁၁း၀၀) အချိန်မှ (၁၁း၃၀) နာရီအချိန်ထိ လစဉ်၊ လဝက်နှင့် လကုန်ရက်တို့တွင် ကျင်းပလျက်ရှိသော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ (၂၀၄) ဦးနှင့် ကျေးရွာတာဝန်ခံ ရာအိမ်မှူး (၆၀၂) ဦး စုစုပေါင်း (၈၀၆) ဦးတို့အား လေပြင်းဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လေပြင်းဘေး အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more

Sign Up

Upcoming Events