ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း - ကံ့ကော်မြိုင်ရပ်ကွက်၊ မြကန်သာရပ်ကွက်၊ ဘုရားချောင်းကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အ.ထ.က (၂) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အ.ထ.က (၁) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဖြစ်ပွားသော ရေဘေးကြောင့် သေဆုံးသူများအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင် ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၁၁.၉.၂၀၂၄) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ရေဘေးကြောင့် သေဆုံးခဲ့သည့်လူ(၁၀၀)ဦ းအတွက် နိုင်ငံတော်မှတစ်ဦးလျှင် (၅)သိန်းနှုန်းဖြင့် သိန်း(၅၀၀) ကျပ်၊ နေပြည်တော်ကောင်စီမှတစ်ဦးလျှင် (၂)သိန်းနှုန်းဖြင့် သိန်း (၂၀၀)ကျပ်၊ စုစုပေါင်းသိန်း( ၇၀၀)ကျပ်တို့အား၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာထွန်း၊ တပ်ကုန်းမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွေး၊ (၂၇.၉.၂၀၂၄)ရက်နေ့ (၁၀း၀၀)အချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့ မြန်မာစံတော်ချိန် (၀၈:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၀၇:၃၀) နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။ Source:  DMH

  • အထူးမိုးလေဝသသတင်း

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ မြန်မာစံတော်ချိန် (၁၇:၀၀) နာရီအချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။      ယနေ့မြန်မာစံတော်ချိန် (၁၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း ယနေ့ညနေမှ (၅-၁၀-၂၀၂၄) ရက်နေ့အတွင်း … Read more

  • အထူးမိုးလေဝသသတင်း

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- အထူးမိုးလေဝသသတင်း ၁။      ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျား လာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အား ကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများ နှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှု ကြောင့်လည်းကောင်း ယနေ့မွန်းလွဲမှ (၅-၁၀-၂၀၂၄) ရက်နေ့အတွင်း နေပြည်တော်၊ … Read more

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း 

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၄) ရက်နေ့တွင် ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်၊ လယ်‌ဝေးမြို့နယ်၌ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ဘေးသင့်လူဦးရေ (၁,၉၀၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃,၁၅၀,၈၀ဝိ/-) တို့အား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၁၉-၉-၂၀၂၄) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_Sep_2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် ရေဘေးထောက်ပံ့မှုသတင်း 

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်‌ဝေးမြို့နယ်၌ (၁၁-၉-၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် ဘေးသင့်လူဦးရေ (၅၄၈) ဦး အတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁,၁၅၀,၈၀ဝိ/-) တို့အား နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူ    များသည် (၁၈-၉-၂၀၂၄) ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_Sep_2024 Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)