ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ပြည်(၁)လမ်းတွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှု သတင်း - ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း - ကံ့ကော်မြိုင်ရပ်ကွက်၊ မြကန်သာရပ်ကွက်၊ ဘုရားချောင်းကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အ.ထ.က (၂) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အ.ထ.က (၁) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ဖြစ်ပွားသော ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေး၀န်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် (၁၁.၉.၂၀၂၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရေဘေးကြောင့် သေဆုံးခဲ့သည့် လူ(၅)ဦးအတွက် နိုင်ငံတော်မှတစ်ဦးလျှင် (၅)သိန်း နှုန်းဖြင့် (၂၅)သိန်းကျပ်၊ နေပြည်တော်ကောင်စီမှ တစ်ဦးလျှင် (၂)သိန်းနှုန်းဖြင့် (၅)သိန်းကျပ်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဦးလျှင် (၃)သိန်းနှုန်းဖြင့် (၁၅)သိန်း၊ စုစုပေါင်း(၅၀)သိန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ မျောပါနေအိမ် (၉၉) အိမ်အတွက်  ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ … Read more

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ယနေ့မြန်မာစံတော်ချိန် (၀၉:၀၀) နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေ သည် နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော် … Read more

  • လေဖိအားနည်းရပ်ဝန်းအခြေအနေ

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါ အတိုင်း ထုတ်ပြန်ထားပါသည်- ၁။      ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ် နေပါသည်။ ၂။       အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံဘက်မှ ရွေ့လျား လာသော တိမ်တိုက်များကြောင့်လည်းကောင်း၊ … Read more

  • အထူးမိုးလေဝသသတင်း

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။      ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော တိမ်တိုက်များကြောင့်လည်းကောင်း ယနေ့ညမှ (၆-၁၀-၂၀၂၄) ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ … Read more

  • ရေကြီးခြင်းသတိပေးချက်

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  “ရေကြီးခြင်းသတိပေးချက်” ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါသည်- ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ လက်မခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော် … Read more

  • အထူးမိုးလေဝသသတင်း

    ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။      ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ် ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်”မှ ပြတ်ထွက်လာသော တိမ်တိုက်များကြောင့်လည်းကောင်း  ယနေ့ညမှ (၆-၁၀-၂၀၂၄) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး … Read more