Latest News
-
ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၂၉-၇-၂၀၂၀) ရက်နေ့၊ (၁၂:၀၀)နာရီအချိန်၌ ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၈)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၆,၈၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၁၆၈၀ဝ/-) ကျပ်အား (၃၀-၇-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင် ရေစကြို မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jul2020 Source: … Read more
-
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လမ်းပေါ်နေကလေးများ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်
ဇူလိုင် ၃၀ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်နေသည့်အချိန်တွင် ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် ထိခိုက်လွယ်အခြေ အနေတွင်ရှိသော လမ်းပေါ်နေကလေးသူငယ်များအတွက် လုပ်ငန်းစီမံချက်ကို ရေးဆွဲ ဆောင်ရွက် လျက်ရှိပါသည်။ ၎င်းစီမံချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဆက်စပ်အစိုးရ ဌာနအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် UNICEF (မြန်မာ), World Vision, TDHL, Plan International ၊ Kinnected Myanmar တို့နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းပေါ်နေကလေး အိမ်ထောင်စု (၂၂၆)စုအတွက် အခြေခံ စားသောက်ကုန်များ ဝယ်ယူရန်နှင့် … Read more
-
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဝင်ပြောင်းရွှေ့ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၂၀)ရက်နေ့မှ (၂၇-၇-၂၀၂၀)ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ထီးချိုင့်မြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်၊ မောင်းကုန်းကျေးရွာ၊ အုတ်ဆုံကျေးရွာ၊ ဖုန်ကုန်းကြီးကျေးရွာ၊ ဘူကြီးကုန်းကျေးရွာ၊ မြတောင်ကျေးရွာတို့၌ ကယ်ဆယ်ရေးစခန်းများသို့ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၇၂)စုမှ လူဦးရေ (၃၀၈)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၄၆,၈၀၀/-)ကျပ်ကို (၂၇-၇-၂၀၂၀)ရက်နေ့တွင်လည်းကောင်း၊ ထီးချိုင့်မြို့နယ်၊ ကိုးတဲကျေးရွာ၊ အောင်သာယာကျေးရွာ၊ ကမ်းနီကျေးရွာတို့၌ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ အိမ်ထောင်စု(၆၉)စုမှ လူဦးရေ(၃၀၆)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၄၂,၆၀ဝ/-) ကျပ်ကို (၂၈-၇-၂၀၂၀) ရက်နေ့တွင်လည်းကောင်း ဘေးသင့်ပြည်သူများထံသို့ … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း ရေဘေးကူညီပံ့ပိုးခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့ခြင်းများ ဆောင်ရွက်မှုသတင်း
ဇူလိုင် ၃၀၊ မင်းကင်းမြို့ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်သို့ရောက်ရှိပြီး ရေဘေးသင့်ပြည်သူ များအား စားနပ်ရိက္ခာများ၊ ဆန်ရိက္ခာဖိုးငွေနှင့် COVID 19 ရောဂါ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်း၊ ကယ်ဆယ်ရေးစက်လှေ၊ အသက်ကယ်အင်္ကျီများပံ့ပိုးခြင်းနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး … Read more
-
မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း COVID -19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၂၉-၇-၂၀၂၀) ရက်နေ့ ၊ (၀၇:၃၀) နာရီအချိန်တွင် မြင်းခြံမြို့နယ်အတွင်းရှိ အမှတ်(၁၆၊၁၉)ရပ်ကွက်၊ ကွမ်းစိုက်ကျေးရွာ၊ မကျီး သမြားကျေးရွာ၊ ချေဆေးကျေးရွာ၊ ကူရွာကျေးရွာ၊ တောရိုးကျေးရွာ၊ ဂွေးတောက်ပင်ကျေးရွာ၊ ဆားခါးကျေးရွာ၊ ဂွေးပင်ရိုးကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ တောင်ရှေ့ကျေးရွာများသို့ လှည့် လည်၍ COVID -19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်းများနှင့် … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့ပေါ်ရှိ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄) တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက် များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များ ကို လှည်လည်ဟောပြောခြင်းနှင့် ဘေး (၈) မျိုးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #ayy_jul2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)









