Latest News
-
မြစ်ရေကြီးမှုအခြေအနေသတင်း
========================================= မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂)ရက်နေ့ (၁၂:၀၀)နာရီ အချိန်တွင် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ညောင်ဦးမြို့တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ် ရေသည် ဆိပ်သာမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် … Read more
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀) ရက်နေ့တွင် ညောင်ဦးခရိုင်အ တွင်းရှိ ကျေးရွာပေါင်း (၁၃) ရွာမှ ပြည်သူများအား မိုးရာသီကာလအတွင်း ဖြစ်ပေါ်နိုင်သော သဘာဝဘေးအန္တရာယ်များ နှင့်ပက်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ Covid-19 ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများကို လော်စပီကာ၊ Hand Speaker တို့ဖြင့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_aug2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ယာယီရေဘေးခိုလှုံရေးစခန်းဆောက်လုပ်ပြီးစီးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိသော ကျေးရွာများမှ ပြည်သူများ ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ရေလွတ်ရာအရပ်ဖြစ်သော ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင် ယာယီရေဘေးခိုလှုံရေးစခန်းအား ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ NGO/ INGOများ၊ CSOများနှင့် ပူးပေါင်း၍ (၃၁-၇-၂ဝ၂ဝ) ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး (၁-၈-၂ဝ၂ဝ)ရက်နေ့တွင် စခန်းဆောက်လုပ်ပြီးစီးပါကြောင်း သတင်းရရှိပါ သည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #fld #mgy_aug2020
-
ယာယီရေဘေးရှောင်စခန်းရှိ ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့ပေါ်ရှိ ယာယီရေဘေးရှောင် စခန်းများသို့ ထပ်တိုးရောက်ရှိလာသော အိမ်ထောင်စု (၇၂)စုမှ လူဦးရေ (၂၉၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၆၁၁,၁၀ဝ/-)ကို (၁-၈-၂၀၂၀)ရက်နေ့ (၁၆:၃၀) အချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ယာယီရေဘေး ရှောင်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mdy_aug2020 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀) ရက်နေ့၌ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု၊ ဘုရားချောင်းကျေးရွာတွင် (၁၀:၀၀) နာရီ၌လည်းကောင်း၊ ကွင်းဝိုင်းကျေးရွာတွင် (၁၀:၃၀) နာရီ၌လည်းကောင်း၊ ပျဉ်းမကုန်း ကျေးရွာတွင် (၁၁:၀၀) နာရီ၌လည်းကောင်း၊ ရွာသာအေးကျေးရွာတွင် (၁၁:၃၀) နာရီ၌လည်းကောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီး ဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၈-၂၀၂၀) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ မြို့ပေါ်ရပ်ကွက်ရှိ(၁၊၂၊၃၊၄)နှင့်အောက်ကွင်းကျေးရွာ၊ စံပြကျေးရွာ၊ မှော်ဘီကျေးရွာ၊ အခြာကြီးကျေးရွာ၊ အခြာလေးကျေးရွာ၊ အောင်သာယာကျေးရွာ၊ သမိန်ထောကုန်တန်းကျေးရွာ၊ သမိန်ထောသိမ်ကုန်းကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများ ပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ် များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး … Read more









