Latest News
-
စက်ရေတွင်းတူးဖော်မှုအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကညင်ကုန်းကျေးရွာ၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကြီးကျေးရွာတို့ရှိ School Cum Shelter (၃)လုံးသည် မိုးရာသီကာလအတွင်း၌ သောက်သုံးရေအခက်အခဲနှင့် ကြုံတွေ့နေရခြင်းကြောင့် အဆိုပါ Shelter(၃)လုံး၌ ၂”ရေတွင်း(၁)တွင်းစီ တူးဖော်ပေးနိုင်ပါရန် သက်ဆိုင်ရာ ကျေးရွာအသီးသီး၏ အုပ်ချုပ်ရေးမှူးများမှ ကုန်ကျစရိတ်တွက်ချက်မှုနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန(ရုံးချုပ်)သို့ တင်ပြခဲ့မှုအပေါ် ခွင့်ပြုခဲ့ပါသဖြင့် (၈-၈-၂၀၂၀)ရက်နေ့တွင် သက်ဆိုင်ရာ ကျေးရွာအသီးသီးသို့ သွားရောက်ပြီး ရေတွင်း(၁)တွင်းလျှင် ထောက်ပံ့ငွေ(၆၉၃,၉၀၀/-)ကျပ် နှုန်းဖြင့် ရေတွင်း(၃)တွင်းအတွက် စုစုပေါင်းထောက်ပံ့ငွေ(၂,၀၈၁,၇၀၀/-)ကျပ်အား … Read more
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၈-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှစတင်၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ဂွေးတောက်ကျေးရွာအုပ်စု၊ တောင်စမ်းကျေးရွာ၊ မြောက်စမ်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ တောင်ကုန်းစခန်းကျေးရွာ၊ ပိတ်ရှည်ကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့် ပက်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေ မိဘပြည်သူတို့အား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၀)ရက်နေ့၊ (၁၀း၃၀)နာရီအချိန်မှစတင်၍ စစ်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကြီး ကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ပြည်သိန်းတန်ကျေးရွာ၊ ရွှေသောင်ယံရွာဟောင်းကျေးရွာ၊ သဒ္ဒမ္မကျွန်းကျေးရွာနှင့် ခွေးတောက်ချောင်းကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာ၊ နံကပ်ကျေးရွာ၊ နံကပ်ပြင်စုကျေးရွာ၊လန်တာကျေးရွာ၊ ဓမ္မင်းကျွန်းမြောက်ကျေးရွာ၊ ရွှေသောင်ရွာ သစ်ကျေးရွာ၊ ရေလယ်ကျွန်းကျေးရွာ၊ ဓမ္မင်းကျွန်းအရှေ့ကျေးရွာ၊ ဓမ္မင်းကျွန်းအနောက် ကျေးရွာနှင့် ညောင်ကုန်းကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန် ထားသော Covid-19 ကူးစက်ပျံ့ပွားမှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်း လုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ … Read more
-
ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၂၀)ရက်နေ့ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့်နေအိမ် (၈)လုံးရှိ အိမ်ထောင်စု(၈)စုအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀၀၀၀၀) ကျပ် နှင့် လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၇၂၀၀) ကျပ် စုစုပေါင်း ( ၈၆၇၂၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၉-၈-၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဉီးစီးမှူးရုံးနှင့် ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ ကုလားကုတ်ကျေးရွာအုပ်စု၊ ပသျူးချောင်းကျေးရွာတွင် (၄.၈.၂၀၂၀) ရက်နေ့၊ (၁၅:၃၀) အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လုံးဝပြိုကျပျက်စီးခဲ့သောနေအိမ်(၁၃)လုံး၊ အိမ်ထောင်စု (၁၃) စုမှ လူဉီးရေ(၄၃)ဉီး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ကျပ်(၁၃၀၀၀၀၀/၊ (၇)ရက်စာဆန်ရိက္ခာဖိုး ငွေကျပ် (၉၀၃၀၀/-) တိတိစုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၁၃၉၀၃၀၀/)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁၃)အိမ်ထောင်စာတို့အား (၈-၈-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းနှင့်ရေဘေး၊ … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၂၀) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ ပရိုက်ဝရွာမဗန်းမော်အနောက်စုကျေးရွာအုပ်စု၊ တန်ဘိုးကုန်းကျေးရွာ၊ စာဖြုစုကျေးရွာ၊ ကျုံသိကျေးရွာ၊ ရွာသာအေးကျေးရွာတို့၌ COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူသိရှိလိုက်နာ ဆောင်ရွက်ရန် အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို လှည့်လည်ဟောပြောခြင်း၊ ဘေး(၈)မျိုး လက်ကမ်းစာစောင် ဝေဌခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









