လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာ အုပ်စုရှိ ရွှေဖလားကျွန်းကျေးရွာနှင့် မြစ်ဝကျေးရွာအုပ်စုရှိ အညာစုကျေးရွာတို့၌ (၁၁-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မြစ်ကမ်းပါးပြိုကျသည့်အန္တရာယ်နှင့် နီးကပ်သည့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၃) လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၈) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၇,၈၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်တို့ အား (၁၂-၈-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖများ ရှေ့မှောက် ၌ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
#ha_rbe
#ayy_aug2020
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)