Latest News
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့ ၊ (၁၀း၃၀) နာရီအချိန်မှ (၁၅း၃၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ သိလ္လာဂါတ်စုကျေးရွာ၊ ကညင်ကုန်းကျေးရွာ၊ တောင်ပေါ်စုကျေးရွာ၊ သိလ္လာချောင်းဖျားကျေးရွာ၊ ဆောင်ပုံကျေးရွာ၊ တေါင်ဒီးရွာသစ်ကျေးရွာ၊ ဆိပ်သာတောင်ကုန်းကျေးရွာနှင့် ဦးထုပ်ကွင်း ကျေးရွာတို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid -19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၂၉-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအား လည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် သဘာဝဘေးအသိပညာပေး … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ မှက္ကတန်ကျေးရွာတွင် (၁၀-၈ -၂၀၂၀)ရက်နေ့ ၌ မြစ်မခမြစ်ရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၁၀)စုမှ လူဦးရေ (၂၉) ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၆၀,၉၀၀)ကျပ်၊ အိမ်ထောင်စု (၁၀)စု အတွက် ဆပ်ပြာ (၁၀) တောင့်နှင့် လူဦးရေ (၂၉)ဦးအတွက် (၁)ဦးလျှင် Surgical Mask (၂)ခုနှုန်းဖြင့် (၅၈)ခုတို့ကို (၁၁-၈-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီ အချိန်တွင် … Read more
-
Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့တွင် Irrawaddy Green Towers Ltdနှင့် ပူးပေါင်း၍ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရွှေတောင်တန်း၊ လူငယ်ဖွံ့ဖြိုးရေးပရဟိတကျောင်း၌ လည်းကောင်း၊ အောင်မင်္ဂလာ ပရဟိတ ဘုန်းကြီးကျောင်းတို့၌ (Covid-19)ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့် ပညာပေးဗွီနိုင်း၊ ပို့စတာများ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_otr #shn_aug2020
-
Covid-19 ကူးစက်ရောဂါ မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့တွင် ပန်းတနော် မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စုရှိ ညောင်ပင်သာကျေးရွာ၊ ဘဝိုင်းကျေးရွာ၊ စာဖြူစုကျေးရွာ၊ ဥတိုကျေးရွာနှင့် အကယ်ချောင်း ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိ ပေးချက်များကို လှည်လည်ဟောပြောခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_aug2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်မခမြစ်ရေတိုက် စားပြီး ကမ်းပြိုမှုကြောင့် လက်ပံတန်းမြို့နယ်၊ မြင်ကဝကျေးရွာအုပ်စု၊ မြင်ကဝကျေးရွာ၌ (၇-၈-၂၀၂၀) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၇၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆၇,၂၀၀/-) ကျပ်၊ စုစုပေါင်း(၇၆၇,၂၀၀/-) ကျပ်နှင့်ပစ္စည်း(၁၁) မျိုးပါ (၇) အိမ်ထောင်စာတို့ အား (၁၁-၈-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ် ထွေအုပ်အစည်း အဝေးခန်းမတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျွဲသောင်ကျေးရွာအုပ်စု၊ ကျွဲသောင်ကျေးရွာတွင် (၇-၈-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှလူဦးရေ (၁) ဦးအတွက်အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂,၁၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂,၁၀၀-)ကျပ်အား (၁၀-၈ -၂၀၂၀) ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more









