Latest News
-
နေရပ်ပြန်ပြည်သူများအား စောင့်ကြည့်ရေးစခန်းသို့ နေရာချထားပေးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့၊ ချစ်ကြည်ရေးတံတားမှ ပြန်လည်ဝင်ရောက်လာပြီး ရှမ်းပြည်နယ်သို့ ပြန်မည့် နေရပ်ပြန်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရစီစဉ်မှုဖြင့် လွိုင်လင်မြို့သို့ ရောက်ရှိလာသော ပြည်တော်ပြန် ကျား( ၃၁)၊ မ(၂၄) ပေါင်း( ၅၅)ဦးအား နည်းပညာတက္ကသိုလ်(ပင်လုံ) စောင့်ကြည့်ရေး စခန်း သို့ နေရာချထားပေးခြင်း၊ စနစ်တစ်ကျနေထိုင်ရန် ညွှန်ကြားခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အခြားဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး … Read more
-
Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့တွင် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ မြဝတီမြို့အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅)ရပ်ကွက်တို့တွင် Covid_19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ များပြည်သူများသိရှိလိုက်နာရန်အချက်များကြော်ငြာခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် သဘာဝဘေးအသိပညာပေးခြင်း၊ လက်ကမ်း စာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_aug2020
-
(Covid-19) ရောဂါ၊ သဘာဝဘေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်မှစ၍ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူလေးကျေးရွာအုပ်စု၊ ကက္ကူလေးကျေးရွာ၊ ကုလယ်တန်းကျေးရွာ၊ ရေသိုးကုန်းကျေးရွာတို့တွင် (Covid-19) ဒုတိယလှိုင်း ကူးစက်မှုမဖြစ်ပွားစေ ရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေမိဘပြည်သူ တို့ကို အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_aug2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မဲခရဲကျေးရွာအုပ်စု၊ မဲခရဲကျေးရွာတွင် (၄-၈-၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းကျိုးကျကာ ပြုတ်ကျနေသည့် မီးကြိုးအား တက်နင်းမိပြီး သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်၊ ဒဏ်ရာရ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ/-) ကျပ်တို့အား (၁၁-၈-၂၀၂၀)ရက်နေ့ (၁၁:၃၀)နာရီအချိန်၌ ကျန်ရစ်သူမိသား စုထံသို့လည်းကောင်း၊ မရမ်းကွင်းကျေးရွာအုပ်စု၊ ဆားဖိုစုကျေးရွာ၌(၈-၈-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ သောကြာ ဒူးအုပ်စု၊ (အလယ်ကျွန်း၊ကျောင်းကုန်း)ကျေးရွာတို့တွင် (၁၀-၈-၂၀၂၀)ရက်နေ့က ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ (၆) လုံး၊ အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ(၆၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၂၃)ဦး အတွက် ဆန်ရိက္ခာ (၇)ရက်စာထောက်ပံ့ငွေ (၄၈,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၄၈,၃၀၀/-)ကျပ်ကို (၁၁-၈-၂၀၂၀)ရက်နေ့ (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများ စကားဝိုင်း ဆွေးနွေးပွဲကျင်းပမှုသတင်း
ဩဂုတ် ၁၁ ၊ နေပြည်တော် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်း အနားနှင့် လူငယ်တို့၏ပူးပေါင်းဆောင်ရွက်မှု စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်းစနစ် အခမ်းအနားဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ်များနှင့် … Read more









