လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာ ဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာတွင် ဖြစ်ပွားခဲ့သော မြစ်မခမြစ်ရေ မြင့်တက် လာမှုကြောင့် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀,၀၀၀)ကျပ်ကို (၁၄-၈-၂၀၂၀)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#bgo_aug2020
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

