Latest News
-
Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ သီရိခေမာရပ်ကွက်၊ သီရိမာလာရပ်ကွပ်နှင့် သီရိဇေယျာရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရေဘေးအသိပညာပေးခြင်းလုပ်ငန်း များ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၂၇-၈-၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံးမှ တာဝန်ရှိသူ များသည် မုံရွာမြို့နယ်အတွင်းရှိ ရွှေဒါးကျကျေးရွာ၊ ကျီကုန်းကျေးရွာ၊ ခင်မွန်ကျေးရွာ၊ မြေနဲ ကျေးရွာ၊ ဘုမ္မနိုးကျေးရွာများရှိ မိဘပြည်သူများအား COVID-19 အသိပညာပေးခြင်း၊ ရေဘေး အန္တရာယ်အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၈.၂၀၂၀) ရက်နေ့တွင် လဟယ်မြို့နယ်၊ လုံခင်ကျေးရွာရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တမူးခရိုင်းစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့တွင် တမူးမြို့၊ စော်ဘွားအင်းရပ်ကွက်၊ စန္ဒကူးရပ်ကွက်တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို နှိုးဆော်အသိပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: တမူးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020
-
(Covid-19) ရောဂါ၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ မိုးမိတ်မြို့နယ်၊ တောင်ကိုင်းအုပ်စု၊ ညောင်ပင်စောက် ကျေးရွာ၊ ဒိုးပင်ကျေးရွာနှင့် တောင်ကိုင်းကျေးရွာတို့တွင် (Covid-19) ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများနေထိုင်ရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာ ပေးဟောပြောခြင်း၊ အခြားသောသဘာဝဘေးများနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်များကို ကျေးရွာနေ ပြည်သူတို့အား အသိပညာပေးအစီအစဉ်ကို အသံချဲ့စက်အသုံးပြု၍ဟောပြောခြင်း၊ နှာခေါင်းစည်း (Mask)များ ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #shn_aug2020 … Read more
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀) ရက်နေ့၊ (၁၆း၀၀)နာရီမှစ၍ ခန္တီးမြို့နယ်၊ ပေါမိုင်းရပ်ကွက်၊ သာစည်နှင့် အောင်သာကျေးရွာ တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များကို နှိုးဆော်အသိပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020









