ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မ​ကွေးမြို့၊ အောင်မေတ္တာ(က)ရပ်၌ (၂၈-၈-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ဘေးသင့် အိမ်ထောင်စု (၁၂) စု၊ လူဦးရေ (၄၇) ဦးတို့ အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၈,၇၀ဝ/-) ကျပ်တို့အား (၂၉-၈-၂၀၂၀) ရက်နေ့၊(၁၄:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld

#mgy_aug2020

Source:   မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events