ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter များတွင် လက်ဆေးဘေစင်နှင့် ဆက်စပ်လုပ်ငန်းများပြုလုပ်ရန် ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း Facility Quarantine Center အဖြစ် အသုံးပြုနိုင်သည့် Shelter (၁)လုံးလျှင် လက်ဆေးဘေစင် (၃)ခု၊ ရေသိုလှောင်ကန်၊ ပိုက်နှင့် ဆက်စပ်ပစ္စည်းများပါဝင်သည့် လုပ်ငန်းများအား ဆောင်ရွက်ရန် အတွက် ငွေ (၁၅) သိန်းကျပ်စီဖြင့် လပွတ္တာမြို့နယ်အတွင်းရှိ School Cum Shelter (၅) လုံးအတွက် … Read more

  • ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၂၀)ရက်နေ့တွင် ​နမ့်ခမ်းမြို့နယ်ရှိ IDPs (Camp)စခန်း(၆) ခုမှ တိုက်ပွဲရှောင်ပြည်သူများသို့ (Covid-19)ရောဂါကာကွယ်ရေးနှင့်ပတ်သက်၍ အသုံးပြုရန်အတွက် စခန်း(၁)ခုလျှင် ထုံးအိတ်(၁၀) အိတ်နှုန်းဖြင့် ထုံးအိတ်(၆၀)အိတ်နှင့် (၁)ဦးလျှင် ဆပ်ပြာခဲ(၄)ခုပါ (၁)တောင့်နှုန်းဖြင့် လူဦးရေ(၁၈၈၆)ဦးအတွက် ဆပ်ပြာတောင့်(၁၈၈၆)တောင့်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source:                 မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေး အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၂၀) ရက်နေ့တွင် ရန်ကုန်‌အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင် ( အနောက်/ တောင်)ရပ်ကွက်၊ ဌာနာရပ်ကွက်၊ ကရင်ခြံရပ်ကွက်၊ ဧရာဝတီရပ်ကွက်၊ သစ်တောရပ်ကွက်များတွင် Covid19ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း‌မပေါ်ပေါက်စေရေးနှင့် ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြား ချက်များနှင့် မုန်တိုင်းဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါအချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား အရာထမ်း/အမှုထမ်းများမှ ရပ်ကွက်များအတွင်း အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။     #ar #ygn_sep2020 … Read more

  • Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အလင်းရောင်ပရဟိတအသင်း၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ (၃၁-၈-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီမှ (၁၈:၃၀)နာရီအထိ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာပေါင်း(၁၉)ရွာတို့၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များဖြစ်သည့် မိုးကြိုးဘေး၊ လေပြင်းဘေး၊ ရေဘေးများနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2020 Source: ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထန်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့နယ်၊ စစ်တောကျေးရွာ၊ ကသစ်ကုန်းကျေးရွာ၊ လက်ပံရှိုကျေးရွာ၊ ဝါးရုံခုံကျေးရွာနှင့် ထဲထီးလျှိုကျေးရွာများရှိ ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်များကို လှည့်လည်၍အသိပေး ကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁. ၈.၂၀၂၀)ရက်နေ့တွင် ပုလဲမြို့နယ် ရွှေလောင်းကျေးရွာ၊ လိန်ကုန်းကျေးရွာ၊ ရွာသာကျေးရွာ၊ ရွာထင်ကျေးရွာ၊ ပုလဲတောင်ကျေးရွာ၊ ပုလဲမြောက်ကျေးရွာ၊ လက်တောင်းကြီးကျေးရွာ၊ အလယ်ဘုံကျေးရွာ၊ မန်းကျီးကန်ကျေးရွာ၊ သရက်ကံကျေးရွာများတွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သတ်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_sep2020 Source:                 ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)