ရေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀) ရက်နေ့၊ (၃၀-၈-၂၀၂၀) ရက်နေ့တို့တွင် ပန်းတောင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာအုပ်စု (၆) စု၊ ရေဝင်အိမ်ထောင်စု (၂၀၈) စုမှ လူဦးရေ (၇၃၇) ဦး အတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ (၁,၅၄၇,၇၀ဝိ/-) ကျပ်၊ ဆပ်ပြာ (၂၀၈) တောင့် နှင့် surgical mask (၁၄၇၄) ခုတို့အား (၂-၉-၂၀၂၀)ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#bgo_sep2020

Sign Up

Upcoming Events