ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) မဖြစ်ပွားစေရန်နှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်(အနောက်/တောင်)ရပ်ကွက်၊ ဌာနာရပ်ကွက်၊ ကရင်ခြံရပ်ကွက်၊ ဧရာဝတီရပ်ကွက်၊ သစ်တောရပ်ကွက်များအတွင်း Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်းမပေါ်ပေါက်စေရေးအတွက် အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့အသိပေးပန်ကြားချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_sep2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • lDP စခန်းများ၌ Covid-19 ရောဂါကာကွယ်ရေးနှင့်ပက်သက်ပြီး လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) နမ့်ဖက်ကာနှစ်ခြင်းအသင်းတော်၌ အိမ်ထောင်စု(၅၇)၊ လူဦးရေ(၂၆၃)၊ နမ့်ဖက်ကာနယ်မြေ (၄) အတွင်းရှိ အိမ်ထောင်(၃၉)၊ လူဦးရေ(၁၂၂)၊ စုစုပေါင်းအိမ်ထောင်စု(၉၆)၊ လူဦးရေ(၃၈၅) ဦးအတွက် စခန်းတစ်ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၂)ခဲ နှုန်းဖြင့် စုစုပေါင်းထုံး (၂၀) အိတ်၊ လက်ဆေးဆပ်ပြာ(၇၇၀)ခဲတို့အား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊​ ပြန်လည်ထူ​ထောင်ရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁.၈.၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့၊ ရပ်ကွက်(၁၁)၊ ရပ်ကွက်(၁၂)တို့၌ Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Hand Gelများဖြင့် လက်သန့်စင်ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_sep2020 Source:                 လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀) ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ ဂျို့ချောင်းကျေးရွာအုပ်စု၊ လှေတော်ခုံကျေးရွာတွင် ဖြစ်ပွားသော လေဘေးမှ သစ်ပင်ပိအမိုးလန်နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀,၀၀၀ိ/-) ကျပ်၊ အိမ်ထောင်စု (၁) စုရှိ လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ ဖိုး (၇) ရက်စာ ထောက်ပံ့ငွေ (၁၀,၅၀၀ိ/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀,၅၀ဝိ/-) ကျပ် အား (၃၁-၈-၂၀၂၀) ရက်နေ့၊ … Read more

  • Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၂၀) ရက်နေ့တွင် မြင်းခဲမြို့နယ်အတွင်းရှိ ကန်ချောကျေးရွာ၊ နှပ်ချိုတောကျေးရွာ၊ ဂွေးချို ကျေးရွာ၊ သိမ်ကုန်းကျေးရွာ၊ မြေစကောင်းကျေးရွာ၊ ဆုံကျေးရွာ၊ ချောင်းဦးကျေးရွာ၊ ပျော့ကျေးရွာ၊ ဘုံကျေးရွာ၊ မြင်သာကျေးရွာ၊ ရွှေဘုံသာကျေးရွာ၊ သင်ပြွန်းကျေးရွာ၊ ခင်မကန် ကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ တဲကျေးရွာများသို့ လှည့်လည်ပြီး Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုသို့ အသိပညာပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်ဝေငှခြင်းနှင့် ပိုစတာပေးအပ်ခြင်းလုပ်ငန်းများ … Read more

  • Covid-19 ကူးစက်ပျံ့နှံ့မှု (ဒုတိယလှိုင်း) မပေါ်ပေါက်စေရေး အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၃၁-၈-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မေတ္တာလင်းမြိုင်၊ မယ်ထော်သလေးကျေးရွာ၊ လေးကေ့ကော်ကျေးရွာ၊ ဖလူးကြီး၊ ဖလူးကလေးကျေးရွာ၊ ထီးမယ်ဝါးခီးကျေးရွာတို့၌ Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များနှင့် မုန်တိုင်းဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက်အလက်များ၊ သဘာဝဘေးအသိပညာပေးခြင်းများအား အသိပေးကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more