
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်၌ ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာအုပ်စု၊ မအူငယ် ကျေးရွာတွင် ချင်းတွင်းမြစ်ရေ တိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေ (၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝိ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝိ/-)၊ စုစုပေါင်း (၁၁၀၅၀ဝိ/-) ကျပ်အား (၄-၉-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ရေစကြိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူရုံးမှ တာဝန်ရှိသူနှင့်အတူ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#mgy_sep2020