မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မီးဘေးသင့်ပြည်သူအတွက်ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၉-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မုဒုံမြို့နယ်၊ ဆက်သွယ်ကျေးရွာအုပ်စု၊ အဘစ်ကျေးရွာတွင် မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားခဲ့သည့် လူနေအိမ် (၁) လုံးမှ အိမ်ထောင်စု (၁) စု အတွက်ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စုစာ စုစုပေါင်းတန်ဖိုး (၃၇,၇၅၃) အားလည်းကောင်း၊ လူနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ)ကျပ်၊ မီးဘေးသင့်လူဦးရေ (၄) ဦးအတွက် (၇) ရက်စာဆန်ဖိုးငွေ (၈,၄၀ဝ) … Read more

  • ဆပ်ပြာနှင့်ထုံးအိတ်များထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့တွင် မိုးညှင်းမြို့နယ်၊ စိန်ပတ်ထရစ်ဘုရားကျောင်း (IDP) စခန်းနှင့် နန့်မွန်းမြို့၊ နန့်မွန်းနှစ်ခြင်းဘုရားကျောင်း (IDPs) စခန်း (၂) ခုမှ စုစုပေါင်းအိမ်ထောင်စု (၃၂) စု၊ လူဦးရေ (၁၇၁) ဦးအတွက် ဆပ်ပြာ (၁၇၁) ခဲနှင့် ထုံး (၂၀) အိတ်တို့အား သွားရောက် ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_sep2020

  • ဘေးသင့်ဒေသများအမြန် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အရ ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့သော ကျေးရွာချင်းဆက် ကုန်ထုတ်တံတားငယ်များ အသစ်ပြန်လည်တည်ဆောက်နိုင်ရေး ထောက်ပံ့မှုများ ပေးအပ်

    ~~~~~~ Source: MOWSWRR ~~~~~~ စက်တင်ဘာ၊ ၇၊ ကျောက်တံခါး ~~~~~~ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုကြောင့် ပျက်စီးခဲ့ရသော ကျေးရွာချင်းဆက် ကုန်ထုတ်တံတားငယ်များ အသစ်ပြန်လည် တည်ဆောက်နိုင်ရန်အတွက် ထောက်ပံ့ခြင်းကို (၇-၉-၂၀၂၀) ရက်နေ့၊ မွန်းလွဲပိုင်း၌ ဘေးသင့်ဒေသများအမြန် ပြန်လည်ထူထောင်ရေးပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကျောက်တံခါးမြို့ နယ်သို့ COVID-19 ဆိုင်ရာ ထုတ်ပြန်ထားသည့် စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ သွားရောက် ဆောက်ရွက်ခဲ့ပါသည်။   … Read more

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့၊ (၁၁:၃၀) နာရီအချိန်မှ (၁၂:၃၀) နာရီအချိန်ထိ ကဲတောင်ကျေးရွာအုပ်စုအတွင်းရှိ ကဲတောင်ကျေးရွာတွင် COVID-19 ရောဂါဒုတိယလှိုင်း ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေး အတွက် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရပ်ကျေးစာရေး တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_sep2020

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့(၁၄:၃၀) နာရီမှ (၁၆:၃၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့၊ အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅)မြို့ပေါ်ရပ်ကွက်များသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_sep2020

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၇-၉-၂၀၂၀) ရက်နေ့တွင် ချောင်းကောက်ကျေးရွာအုပ်စု၊ ချောင်းကောက်ကျေးရွာ၊ အင်ပက်လက်ကျေးရွာ၊ ကိုးပင်ကျေးရွာများတွင် Covid-19 ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း‌မပေါ်ပေါက်စေရေးနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020