လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၉-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် မိုင်းဖြတ်မြို့နယ်ရှိ ကောင်းမှု ကျေးရွာနှင့် ဘိုရှီးကျေးရွာတို့တွင် covid_19ရောဂါ ဒုတိယလှိုင်း ကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် ကျေးရွာပြည်သူ များအား covid_19 ရောဂါနှင့်ပတ်သတ်သော ကျန်းမားရေးအမူအကျင့်များ၊ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်နှင့် သဘာဝဘေးအသိပညာတို့အား အသံချဲ့စက်အသုံးပြု၍ ပြည်သူများသိရှိလိုက်နာနိုင်ရန်အတွက် အသိပညာပေးခြင်းနှင့် covid_19 အသိပညာပေးလက်ကမ်းစာစောင်များ၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ Maskများ၊ လက်ဆေးဆပ်ပြာ တို့အား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_sep2020