Latest News
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၀-၉-၂၀၂၀)ရက်နေ့ (၂၀:၀၀) အချိန်မှ(၂၂:၀၀) အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆)၊ (၇)၊ (၈)၊ (၉)၊ (၁၀)၊ (၁၁)၊ (၁၂)၊ (၁၃)၊ (၁၄)၊ (၁၅) ရပ်ကွက်များတွင် လှည့်လည်၍ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့၊ နံနက်(၀၉းဝဝ) နာရီအချိန်မှစ၍ နေ့လည်(၁၂း၃၀)နာရီအချိန်အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းရှိ ချောင်းဝပိုင်းရပ်ကွက်၊ အထက်ပိုင်းရပ်ကွက်၊ အိမ်မဲကြီးပိုင်းရပ်ကွက်၊ လယ်ပေါ်ပိုင်း ရပ်ကွက်၊ စာချွန်ခံပိုင်းရပ်ကွက်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထား သော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးအသိပညာပေးခြင်းများအား ပြည်သူများ သိရှိလိုက်နာရန် ကွင်းဆင်းလှည့်လည်၍ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့နှင့်ပူးပေါင်း၍ ဟိုပုံး မြို့မဈေးကြီး အတွင်း/အပြင်နှင့် ဈေးရှေ့လမ်းမကြီးတစ်လျောက်၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်း၊ Mask၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ အသိပညာပေးလက်ကမ်းစာစောင်များအား ပေးဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ဟိုပုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်မှု (ဒုတိယလှိုင်း) မပြန့်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီချိန်မှ (၁၂:၃၀)နာရီအချိန်ထိ ကြံခင်းမြို့နယ်၊ အလုံကျေးရွာအုပ်စု၊ (အလုံမြောက်၊သုံးတဲစု၊ကြာအင်းလေး၊လျှားဘို၊ပေါက်တူး၊ရွာသစ်ကြီး၊ကမ်းပြို)ကျေးရွာများအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်မှု (ဒုတိယလှိုင်း) မပြန့်ပွားစေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့်ပတ်သက်သည့် သဘာဝဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
နမ့်ခမ်းမြို့နယ်အတွင်းရှိ IDPs စခန်းများအတွက် Covid-19 ကူးစက်ရောဂါကာကွယ်ရန် ဆပ်ပြာခဲနှင့်ထုံးအိတ်များ ထောက်ပံ့ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့တွင် နမ့်ခမ်းမြို့နယ်ရှိ IDPs (Camp)စခန်း (၆)ခုမှ တိုက်ပွဲရှောင်ပြည်သူများအတွက် Covid-19 ကူးစက်ရောဂါကာကွယ်ရာတွင် အသုံးပြုရန်အတွက် စခန်း(၁)ခုလျှင် ထုံးအိတ် (၁၀)အိတ်နှုန်းဖြင့် ထုံးအိတ်(၆၀)အိတ်နှင့် (၁)ဦးလျှင် ဆပ်ပြာခဲ(၄)ခုပါ (၁)တောင့်နှုန်းဖြင့် လူဦးရေ (၁၈၈၆)ဦးအတွက် ဆပ်ပြာတောင့် (၁၈၈၆)တောင့်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပင်းတယမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့တွင် ပင်းတယမြို့ ဈေးတန်းရပ်ကွက်နှင့် ရှမ်းရပ်ရပ်ကွက်အတွင်းတွင် covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်တွင်းကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေးခြင်းတို့ကို Hand Speaker များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပင်းတယမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #shn_sep2020









