
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်၌ ဖြစ်ပွားခဲ့သည့် ထားဝယ်မြို့နယ်၊ ကြက်စာပြင် ရပ်ကွက် မီးဘေးတွင် လုံးဝပျက်စီးနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၇)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၇) စုစာနှင့် လူဦးရေ (၄၈) ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၀၀,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၀၀,၈၀၀/-) ကျပ်အား (၁၄-၉-၂၀၂၀) ရက်နေ့ (၁၁:၃၀)အချိန်တွင် ဘေးသင့်ပြည်သူထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fir
#tny_sep2020