မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆) - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု(၂၄၃)စု၊ လူဦးရေ (၁၁၆၅)ဦးအတွက် paris ဆပ်ပြာ (၁၁၆၅)ခဲ နှင့် ထုံးအိတ် (၁၀)အိတ်နှင့် မံဝိန်းကြီးကက်သလစ် IDPs စခန်းမှ အိမ်ထောင် စု (၅၉၁)စု၊ လူဉီးရေ (၃၁၉၇)ဦးတို့အတွက်ဆပ်ပြာ(၃၁၉၇)နှင့် ထုံး(၁၀)အိတ်တို့အား မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် (၁၂-၉-၂၀၂၀)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo_sep2020 Source:             ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျောင်းကုန်း၊ ဘိုးသာအောင်ကုန်း၊ စခန်းကြီး၊ ညောင်ပင်ကုန်း၊ မြောက်ကုန်းကြီး၊ ဘုရားငါးဆူ၊ ပျဉ်းပင်ကန်၊ ဘွဲ့ပင်ကန်၊ အုန်းသုံးပင်ကျေးရွာများနှင့် ဈေး(၂)ရပ်ကွက်တို့တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ လေဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဦးစီးဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #bgo_sep2020 Source:             ပြည်ခရိုင်ဦးစီးမှူးရုံး … Read more

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၉.၂၀၂၀) ရက်နေ့တွင် (၁၉:၀၀)နာရီမှ စတင်၍ (၂၂:၀၀)အချိန်ထိ ရေစကြိုမြို့​​ပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်နှင့် အမှတ်( ၄) ရပ်ကွက်များသို့ COVID-19ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လော်စပီကာဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mgy_sep2020 Source:             ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်ခြင်း

    (၁၁.၉.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍( COVID-19) ရောဂါကူးစက်မှု ဒုတိယလှိုင်း ဒေသတွင်းမဖြစ်ပွားစေရေးအတွက် လွယ်တော်ခမ်းကျေးရွာအုပ်စုရှိ မြို့အဝင်အထွက်ဂိတ်များနှင့် အနီးပတ်ဝန်းကျင်တွင်လည်းကောင်း၊ ပါလျှံရပ်ကွက်မီးပွိုင့်နှင့်အနီးပတ်ဝန်းကျင်တွင်လည်းကောင်း၊ နေ့လယ်ပိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မဇ္ဇျိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတလူမှုကူညီရေးအသင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့၊ ခရိုင်ကြက်ခြေနီတပ်ဖွဲမှူး၊ တာချီလိတ် volunteer အဖွဲ့များနှင့်ပူးပေါင်း၍ မယ်ယန်းမြို့ဝင်ဂိတ်တွင် ဝင်ရောက်လာသူများနှင့် အနီးပတ်ဝန်းကျင်ရှိသူများအား (COVID-19)ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / … Read more

  • IDPs စခန်းများ၌ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁.၉.၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) ၅ရပ်ကွက်နှစ်ခြင်းအသင်းတော်ရုံး အိမ်ထောင်စု(၅၆)၊ လူဦးရေ(၂၆၅)၊ (၆)ရပ်ကွက်မူကြိုကျောင်း အိမ်ထောင်စု(၃၈)၊ လူဦးရေ(၁၈၇) စုစုပေါင်းအိမ်ထောင်စု(၉၄)စု၊ လူဦးရေ(၄၅၂)ဦးအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်နှုင့်ဖြင့် ​စုစုပေါင်းထုံး (၂၀)အိတ်၊ လက်ဆေးဆပ်ပြာ(၄၅၂)တောင့် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_sep2020 Source:             ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၉-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်မှ (၁၃:၃၀) နာရီအချိန်ထိ မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာနှင့် ဝဲရက်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ar #mon_sep2020 Source:             သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)