လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀)ရက်နေ့တွင် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီး ဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့နယ်၊ ဝပ်ဆောင်းကျးရွာအုပ်စု၊ ဝပ်ဆောင်းကျေးရွာ၊ နောင်အော့ကျေးရွာ၊ ယန်းဟုတ်ကျေးရွာ၊ ဝမ်မောက်ကျေးရွာ၊ လွိုင်ခိုက်ကျေးရွာတို့၌ (Covid-19) ဒုတိယလှိုင်းကာလအတွင်း ပြည်သူ များလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်း များကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask နှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)