ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာ အုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခကျေးရွာအုပ်စု၊‌ အောင်သု‌‌ခကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:ဝဝ) နာရီအချိန်မှစ၍ နေ့လည် (၁၂:ဝဝ) နာရီအချိန်ထိ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းတိုက်နယ်၊ ချောင်းဝရပ်ကွက် (၁)၊ ချောင်းဝရပ်ကွက်(၂)နှင့် ကမ်းနားတန်းရပ်ကွက်များအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် ပြည်သူများလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးဘေးစသည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ဆောင်ရန် ရှောင်ရန် အချက်များအား … Read more

  • Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၉-၂၀၂၀) ရက်နေ့၊ (၂၀:၀၀) အချိန်မှ (၂၂:၀၀) အချိန်ထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁/၂/၃/၄/၅/ ၆/၇/၈/၉/၁၀/၁၁/၁၂/၁၃/၁၄/၁၅)ရပ်ကွက်များအတွင်း Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်သည့် ဆောင်ရန်ရှောင်ရန်အချက်များ အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့ (၀၈း၃၀) နာရီမှ (၁၁းဝဝ) နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊ ပြစ်မကျေးရွာနှင့် လယ်မကျေးရွာတို့တွင် Covid-19 ရောဂါဒုတိယလှိုင်းမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေးအသိပညာပေး နိုးဆော်ခြင်းများကို လော်စပီကာအသုံးပြု၍ အသိပညာပေး ဆော်ဩခြင်းနှင့် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • Covid-19 ကူးစက်ရောဂါနှင့် မိုးကြိုးဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ကျောက်တန်းကျေးရွာ၊ ရေမြက်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာနှင့် ဆင်လမ်းကြီးကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့၊ (၀၈:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာအုပ်စုအတွင်းရှိ ရွှေလှေကျေးရွာနှင့် ကျောင်းရွာကျေးရွာများအတွင်း Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေးနှင့် မြေပြိုဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆောင်ခဲ့ပြီး ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀) ရက်နေ့တွင် (၀၈:၃၀)နာရီမှ (၁၂:၀၀)နာရီ အချိန်ထိ ကော့ကရိတ်မြို့နယ်အတွင်းရှိ လှိုင်ကွယ်ကျေးရွာ၊ ဝိဇ္ဇာကုန်းကျေးရွာ၊ ဝင်းပုတ်ကျေးရွာ၊ ဖန်းခါးကုန်းကျေးရွာနှင့် ကျွန်းတောကျေးရွာတို့တွင် Covid-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_sep2020