ဘားအံမြို့နယ်၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာအုပ်စု၊ ကော့ကျိုက်ကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေး အတွက်‌ ထောက်ပံ့မှုသတင်း - ဘားအံမြို့နယ်အတွင်းရှိ မဲဘောင်ကျေးရွာ၊ လှာကမြင်ကျေးရွာ၊ စျေးမသွယ်ကျေးရွာတို့၌ သဘာဘေး အန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးနှိုးဆော်ချက်များ လိုက်လံအသိပေးနှိုးဆောင်မှုသတင်း - သုံးခွမြို့နယ်၊ လေးလမ်းဆုံ၌ အများပြည်သူများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန် အချက်များ အသိပညာပေး လှည့်လည်နှိုးဆော်ဆောင်ရွက်မှုသတင်း - မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ်များဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့တွင် သဘာဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာ ပေးဆောင်ရန်/ရှောင်ရန် အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - ဘားအံမြို့၊ အထက(ခွဲ)(၂)ကျောင်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း - ကံ့ကော်မြိုင်ရပ်ကွက်၊ မြကန်သာရပ်ကွက်၊ ဘုရားချောင်းကျေးရွာများတွင် အသိပညာပေး ဟောပြောပွဲ ပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အ.ထ.က (၂) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အ.ထ.က (၁) ၌ သဘာဝဘေး အသိပညာပေး ဆောင်ရွက်မှုသတင်း - လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောမှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ.ထ.က (စက်ရုံ) စာသင်ကျောင်း၌ အသိပညာ​ပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အမှတ်(၈)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုရုံး၊ အမှတ်(၇၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတို့နှင့်ပူးပေါင်း၍ (၈-၁-၂၀၂၅)ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၁:၃၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က(စက်ရုံ)စာသင်ကျောင်းတွင် အသိပညာ​ပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်း ဆရာ/မ (၁၀)ဦးနှင့် ကျောင်းသား/သူ (၂၀၃)ဦး၊ စုစုပေါင်း (၂၁၃)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ လူမှုဝန်ထမ်း … Read more

  • ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ.ထ.က (မုက္ကဒိ) စာသင်ကျောင်း၌ အသိပညာ​ပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၇-၁-၂၀၂၅) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၁:၃၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က(မုက္ကဒိ)စာသင်ကျောင်းတွင် အသိပညာ​ပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းဆရာ/မ (၅)ဦးနှင့် ကျောင်းသား/သူ (၁၃၅)ဦး၊ စုစုပေါင်း (၁၄၀) ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက် များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ … Read more

  • ကရင်ပြည်နယ်၊ ဘားအံမြို့၊ အ.ထ.က(ရွှေတော)စာသင်ကျောင်း၌ အသိပညာ​ပေးဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၆-၁-၂၀၂၅) ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၁:၃၀) အချိန်ထိ ဘားအံမြို့၊ အ.ထ.က(ရွှေတော)စာသင်ကျောင်းတွင် အသိပညာ​ပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ကျောင်းဆရာ/မ (၁၁)ဦးနှင့် ကျောင်းသား/သူ (၁၁၀)ဦး၊ စုစုပေါင်း (၁၂၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ  သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ တောမီးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေများဆိုင်ရာကိစ္စရပ်များအား … Read more

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့သော မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊‌ ရွှေကြာပင်ရပ်ကွက်၊ မေယုလမ်းနှင့် စိန်ပန်းပြာလမ်း‌‌ထောင့်၌ (၂၈-၁၂-၂၀၂၄) ရက်နေ့(၂၃:၅၀)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်လုံးဝပျက်စီးခဲ့သော လူနေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(‌၂၀၀၀၀ဝ/-)၊ ဘေးသင့်လူဦးရေ(၁၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၁၅၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၂၃၁၅၀ဝ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ ပုံး(၁)ပုံးတို့အား (၂၉-၁၂-၂၀၂၄) ရက် နေ့၊(၁၆:၀၀)နာရီတွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #npw_dec_2024 Source:  နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာတွင်ဖြစ်ပွားသည့် စက်လှေနစ်မြုပ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၂၄)ရက်နေ့တွင် ပုလောမြို့နယ်၊ကျောက္ကာ​ကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာ တွင်ဖြစ်ပွားခဲ့သည့် ‌ စက်လှေနစ်မြုပ်မှုကြောင့် သေဆုံးသူ(၁၇) ဦးအတွက် ထောက်ပံ့ငွေ (၅,၁၀၀,၀၀ဝ/-)ကျပ်နှင့် ဆေးရုံတက်ဒဏ်ရာရ (၁၁)ဦးအတွက် ထောက်ပံ့ငွေ  (၅၅၀,၀၀၀/-) ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ(၅,၆၅၀,၀၀၀/-)ကျပ်တို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် (၂၈-၁၂-၂၀၂၄)ရက်နေ့၊ နေ့လည် (၁၂:၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_fld #tny_dec_2024 Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပျဉ်းမနားမူကြိုကျောင်း၌ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၇-၁၂-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပျဉ်းမနား မြို့နယ်၊ ပျဉ်းမနားမူကြိုကျောင်းတွင် မူကြိုကျောင်းသား/သူ(၁၀၀)ဦးအား သဘာဝဘေးနှင့်ပတ်သက်သည့် အသိပညာပေးဟောပြော​ခဲ့ပြီး နံရံကပ်ပိုစတာနှင့် ဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_dec_2024 Source:     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)