Latest News
-
COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ထောက်ပံ့ငွေများ ပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့၊ (၁၅:၄၀) နာရီအချိန်တွင် COVID-19 စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူရန် ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု(၁)စုလျှင် (၄၀,၀၀၀)ကျပ်နှုန်းဖြင့် မိုးမောက်မြို့၊ နှစ်ခြင်းIDPsစခန်းရှိ အိမ်ထောင်စု(၄၁၇)စု၊ လူဦးရေ(၂၀၀၃)ဦးနှင့် ကက်သလစ်(RC) IDPsစခန်းရှိ အိမ်ထောင်စု(၈၈)စု၊ လူဦးရေ(၄၁၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု(၅၀၅)ဦး၊ လူဦးရေ(၂၄၁၇)ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေ(၂၀,၂၀၀,၀၀၀)ကျပ်တိတိအား IDPsစခန်းနေ ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #kcn_sep2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဒဏ်ရာလူနာအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ နမ့်ဆန် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၉-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်ခန့်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်ကျေးရွာနေ ဒဏ်ရာလူနာ(၁)ဦးအတွက် ကယ်ဆယ်ရေး ထောက်ပံ့ရန်ပုံငွေ (၅၀၀၀ဝ/-)ကျပ်အား (၁၆-၉-၂၀၂၀)ရက်နေ့(၁၄:၃၀)အချိန်တွင် ဘေးသင့်မိသားစုလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #shn_sep2020 Source: နမ့်ဆန်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၉-၂၀၂၀) ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ဝက်ရုပ် ကျေးရွာအုပ်စု၊ ဝက်ရုပ်ကျေးရွာ၊ တဇောင်းရိုးကျေးရွာ၊ သစ်ပုတ်ကျေးရွာ၊ ဘုရားငုတ်တိုကျေးရွာနှင့် ကွက်သစ်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ နေမိဘပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_sep2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ (ဒုတိယလှိုင်း) မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၉.၂၀၂၀)ရက်နေ့တွင် (COVID-19) ရောဂါကူးစက်မှုဒုတိယလှိုင်း ဒေသတွင်း မဖြစ်ပွားစေရေးအတွက် ဝမ်ကျောက်လုံကျေးရွာနှင့်ဟွေခိုက်ကျေးရွာတို့တွင် (COVID-19) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လည်းကောင်း၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန် / ရှောင်ရန်များကို လည်းကောင်း Hand Speaker များ ၊အသံချဲ့စက်များအသုံးပြုခြင်းဖြင့်အသိပညာပေးဆော်သြခြင်း၊ hand gelများဖြင့် လက်သန့်စင်စေခြင်း၊ မဖြစ်မနေအပြင်ထွက်ရပါက mask ကိုအမြဲတပ်ဆင်သွားကြရန်အသိပေးပြောကြားပြီး mask များဖြန့်ဝေခြင်း၊လက်သန့်စင်ဆေးကြောရန်ဆပ်ပြာခဲများပေးဝေခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့်ဗီနိုင်း/ပိုစတာများ ကပ်ခြင်းတို့ကို ဆောက်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: … Read more
-
Covid-19 ကူးစက်ရောဂါ မဖြစ်စေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်း ကာလအတွင်း ပြည်တွင်းကူးစက်ပျံ့ပွားမှု ကြိုတင် ကာကွယ်ရေး အတွက် (၁၆.၉.၂၀၂၀)ရက်နေ့၊နံနက်(၉းဝဝ) နာရီမှနေ့လည်(၁၂းဝဝ)ထိ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့ ၌လည်းကောင်း၊ ၊ မွန်းလွဲပိုင်း(၁၃:၃၀)မှ (၁၅:၃၀)ထိ လွိုင်လင်ခရိုင်၊ လဲချားမြို့ ၌လည်းကောင်း Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက် ပျံ့ပွားမှု မရှိစေရေး အတွက် ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရန် မိမိတို့အိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲအပြင်သို့လုံးဝမထွက်ကြရန်၊မဖြစ်မနေ ထွက်ရပါက နှာခေါင်းစည်း(mask) များ တပ်ဆင်ပြီးမှ … Read more
-
IDPs စခန်းများ၌ (Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်ပြီး လက်ဆေးဆပ်ပြာနှင့်ထုံးအိတ်များထောက်ပံ့ခြင်းသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၈.၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP စခန်း (၁၂) ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၈၁၁)စု၊ လူဦးရေ (၄၅၀၁)ဦး အတွက် စခန်းတစ်ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင် လက်ဆေးဆပ်ပြာ(၁)တောင့်နှုန်းဖြင့် စုစုပေါင်းထုံး(၁၂၀)အိတ်၊ လက်ဆေးဆပ်ပြာ(၄၅၀၁)တောင့်ဖြင့် ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)









