ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍အသိပညာပေးခြင်းနှင့် ရေဘေး၊ မိုးကြိုးဘေးအန္တရာယ် ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ပတ်သက်၍ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာအုပ်စု(မောင်းရမ်းကျေးရွာ၊ဝက်စုကျေးရွာ၊ ကွမ်းခြံစုကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ စည်သာအေးကျေးရွာ)၊ ဇလောင်းကျေးရွာအုပ်စု (ဇလောင်းကျေးရွာ(တောင်)၊ ဇလောင်းကျေးရွာ(မြောက်)၊ ငန်းစပ်ကျေးရွာ၊ နန်ချွန်ကျေးရွာ) အတွင်းရှိ … Read more

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကံမမြို့နယ်၊ အင်းဘဲကျေးရွာအုပ်စု၊ ညောင်တန်းကျေးရွာနှင့် နတ်မီးကျေးရွာအုပ်စု၊ နတ်မီးတောက်ကျေးရွာတို့၌ (၁၈-၉-၂၀၂၀) ရက်နေ့၊ (၂၃:၀၀) နာရီမှ (၂၃:၃၀)နာရီထိ လေပြင်းတိုက်ခတ်မှုကြောင့် ညောင်တန်းကျေးရွာရှိ လူနေအိမ်(၁)လုံး အမိုးလန်ပျက်စီးခဲ့ပြီး နတ်မီးတောက်ကျေးရွာရှိ သက္ကယ်မိုး/ထရံကာ သုံးပင်အိမ် (၁) လုံး ပြိုကျပျက်စီးခဲ့ကာ အိမ်ခြေ (၂ )လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ(၃)ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါလေဘေးသင့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ လူဦးရေ (၃) … Read more

  • COVID-19ကူးစက်ရောဂါနှင့်သဘာဝဘေးဆိုင်ရာအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊‌ ကာနကျေးရွာ၊ နောင်ဖာကျေးရွာနှင့် မယ်နင်ကျေးရွာတို့၌ Covid-19 ဒုတိယလှိုင်းကာလအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker ၊ အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခြင်း ၊ Mask နှင့် အသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀)ရက်နေ့၊ နံနက်(၈:၀၀)နာရီချိအန်မှ နေ့လည်(၁၁:၀၀)နာရီအချိန်ထိ ကော့ကရိတ်မြို့နယ်၊ နောင်ကိုင်း ကျေးရွာအုပ်စုအတွင်းရှိ နောင်ကိုင်းကျေးရွာ၊ ရွှေလူကုန်းကျေးရွာ၊ စောရူးကျေးရွာ၊ ထီခါးပူကျေးရွာနှင့် အလယ်ဘိုတဲကျေးရွာတို့၌ Covid-19 ကူးစက်မြန်အဆုတ်ရောင်ရောဂါ ပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသံချဲ့စက်ဖြင့် ပြည်သူလူထုအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_sep2020 Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် သရက်မြို့နယ်၊ ဇော်ဂျီရပ်ကွက်၊ စျေးလေး/ကြီး၊ အ.ထ.က(၁)လမ်းဆုံနှင့် သာယာကုန်းကျေးရွာတို့၌ Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့တွင် ပေါက်မြို့နယ်၊ ရှားတောကျေးရွာ၊ ထန်းတပင်ကျေးရွာနှင့် သရက်တောကျေးရွာတို့တွင် Covid-19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးနှင့် ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_sep2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)