ရေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့မှ (၂၀-၉-၂၀၂၀) ရက်နေ့အတွင်း ကျွန်းစုမြို့နယ်ရှိ စခန်းသစ်ကျေးရွာ၊ တောပြားကျေးရွာ၊ လင်မလိုကျေးရွာ၊ ရေကန်တောင်ကျေးရွာ၊ ကြပ်ချောင်း ကျေးရွာ၊ တောင်သုံးလုံးကျေးရွာ၊ ကံမော်ကျေးရွာ၊ တာလပိုင်းကျေးရွာ၊ အုတ်ဖိုမော်ကျေးရွာ၊ ချောင်း၀ကြီးကျေးရွာ၊ ကျောက်တန်းငယ်ကျေးရွာနှင့် မီးချောင်းအော်ကျေးရွာများတွင် မုန်းတိုင်းနိုလ်၏ အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ကာ ထိခိုက်ပျက်စီး ခဲ့သော ရေဘေးသင့် လုံး၀ပျက်စီးအိမ်ခြေ (၁၁၅) လုံးနှင့် တစိတ်တစ်ပိုင်းပျက်စီးနေအိမ် (၃၀၄) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၇,၉၂၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၃၀၄) ဦးအတွက် ဆန်ရိက္ခါ(၇)ရက်စား ဖိုးထောက်ပံ့ငွေ (၅,၃၃၁,၉၀၀/)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃,၂၅၁,၉၀၀/-)ကျပ်နှင့် လုံး၀ပျက်စီးအိမ်ခြေ(၁၁၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁၁၅)စုစာတို့အား (၂၆-၉- ၂၀၂၀) ရက်နေ့ (၁၄:၅၀)ချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ တို့နှင့်အတူ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#tny_sep2020

Sign Up

Upcoming Events