Latest News
-
အုတ်ဖိုမြို့နယ်၊ တိမ်မြုတ်ကျေးရွာအုပ်စု၊ တိမ်မြုတ်ရွာမကျေးရွာတွင် မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၁၀-၂၀၂၄) ရက်နေ့၊ (၁၄း၁၅) နာရီအချိန် တွင် အုတ်ဖိုမြို့နယ်၊ တိမ်မြုတ်ကျေးရွာအုပ်စု၊ တိမ်မြုတ်ရွာမကျေးရွာ၌ ဖြစ်ပွားသော မိုးကြိုးဘေးမှ သေဆုံးသူ (၁) ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-) အား (၁၅-၁၀-၂၀၂၄) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #npw_Oct_2024 Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဖိအားနည်းရပ်ဝန်းသတင်း
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းသတင်း” ကို အောက်ပါ အတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာပြီး၊ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ (၂၂-၁၀-၂၀၂၄) ရက်နေ့တွင် မုန်တိုင်းငယ် … Read more
-
အထူးမိုးလေဝသသတင်း
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် ပိုမိုအားကောင်းလာနိုင်ကာ နောက် (၆) နာရီအတွင်း လေဖိအားနည်းရပ်ဝန်း (Low Pressure Area) အဖြစ်သို့လည်းကောင်း၊ ထိုမှတစ်ဆင့် … Read more
-
အထူးမိုးလေဝသသတင်း
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၇:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း”ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်- ၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့တွင် ၂၁-၁၀-၂၀၂၄ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ လည်းကောင်း၊ ၂၃-၁၀-၂၀၂၄ ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့လည်းကောင်း ရောက်ရှိ … Read more
-
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါ အတိုင်း ထုတ်ပြန်ထားပါသည်- အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအား နည်းရပ်ဝန်း (Well Marked Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၌ ဖြစ်ပွားသော ရေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အတွင်းရှိ ရေဘေးကြောင့် မျောပါနေအိမ် (၅၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေပေါင်း (၅၃)သိန်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၅၄) လုံးအတွက် (၇၇) သိန်းတို့အား နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ဇေယျာသီရိ မြို့နယ်အထွေထွေမြို့နယ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၁၂-၁၀-၂၀၂၄) ရက်နေ့ တွင် ရေဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #npw_oct_2024 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်း ဦးစီးမှူးရုံး (ဘစမ)









