ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀) ရက်နေ့၌ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တောဟိုင်ကျေးရွာတွင် မိုးသက်လေပြင်းကြောင့် မန်ကျည်းပင်လဲကျပြီးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်အား လည်းကောင်း၊ မြောင်းတပ်ကျေးရွာအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာမှ လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၂၁၀၀/-)ကျပ်တို့အား (၂၃-၉-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ကွင်းဆင်းထောက်ပံ့ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ … Read more

  • လေပြင်းဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ဒေါဝါးကျေးရွာအုပ်စု၊ လယျ်ားစုကျေးရွာ၌ (၂၂-၉-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ(၅၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာ(၇)ရက်စာဖိုး ရန်ပုံငွေ(၈၄၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၅၈၄၀၀/-)ကျပ်အား (၂၃-၉-၂၀၂၀)ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်၊ မိုင်းခေါင် နှစ်ခြင်းဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၃၆၅)စု လူဦးရေ (၁၅၈၆)ဦးအတွက် paris ဆပ်ပြာ (၁၅၈၆)ခဲ နှင့် ထုံးအိတ် (၁၀)အိတ်၊ မိုင်းခေါင်ကက်သလစ် IDPs စခန်းမှ အိမ်ထောင်စု (၁၅၄)စု၊ လူဦးရေ (၇၁၇)ဦးတို့အတွက်ဆပ်ပြာ(၇၁၇)နှင့်ထုံး(၁၀)အိတ်၊ မံစီနှစ်ခြင်း ဘုရားကျောင်း IDPs စခန်းမှ အိမ်ထောင်စု(၁၇၇)စု လူဦးရေ (၇၈၃)ဦးအတွက် paris ဆပ်ပြာ (၇၈၃) ခဲ … Read more

  • IDPs စခန်းများ၌ ဆပ်ပြာခဲနှင့် ထုံးအိတ်များ ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနှစ်ခြင်း IDPs စခန်းမှ အိမ်ထောင်စု(၂၄၃)စု၊ လူဦးရေ (၁,၁၆၅) ဦးအတွက် paris ဆပ်ပြာ (၁,၁၆၅) ခဲနှင့် ထုံးအိတ် (၁၀) အိတ်၊ မံဝိန်းကြီးကက်သလစ် IDPs စခန်းမှ အိမ်ထောင်စု (၅၉၁) စု၊ လူဦးရေ (၃,၁၉၇) ဦးတို့အတွက် ဆပ်ပြာ (၃,၁၉၇) ခဲနှင့် ထုံး (၁၀) အိတ်တို့အား မံစီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ (၂၃-၉-၂၀၂၀) ရက်နေ့၊ နံနက် … Read more

  • COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၂၀) ရက်နေ့၌ မကွေးမြို့၊ ကင်းရပ်ကွက်၊ရွှေညောင်ရပ်ကွက်၊ ဆားစည်ရပ်ကွက်၊ ရွာသစ်ရပ်ကွက်၊ ပွဲကြိုရက်ကွက်တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးချက်များ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိအညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #mgy_sep2020

  • လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၌ (၁၈/၂၀-၉-၂၀၂၀) တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀ဝ) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာရန်ပုံငွေ (၁၂,၆၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀ဝ) ကျပ်နှင့်ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ (၆၉,၅၀၆) ကျပ်အား (၂၂-၉-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် … Read more