ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ဇော်ဂျီတွင်းကျေးရွာ၌ (၃၀.၉.၂၀၂၀)ရက်နေ့၊ (၂၁:၃၀) အချိန်၌ဖြစ်ပွားခဲ့သော ရေဘေးကြောင့် ဘေးသင့်ခဲ့သည့် လူဦးရေ(၁၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၉၉၀ဝိ/-)၊ ရေဘေးသင့် အိမ်ထောင်စု(၄)စုစာ အတွက်ထောက်ပံ့ငွေ(၄၀၀၀၀ဝိ/-) ၊ စုစုပေါင်းထောက်ပံ့မှုငွေ(၄၃၉၉၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၄)အိမ်ထောင်စုစာတို့အား နေပြည်တော်တိုင်းဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ဥတ္တသီရိမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် (၂.၁၀.၂၀၂၀) ရက်နေ့ (၁၀:၃၀)အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fld

#npw_oct2020

Source:             ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events