မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အမှတ်(၃)ရပ်ကွက်၊ မဟာစည်(၄)လမ်းတွင် မီးဘေး ထောက်ပံ့မှုသတင်း - နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၃/၂၀၂၆) - ကရင်ပြည်နယ်ရှိ သူနာပြုသင်တန်းကျောင်းတွင် အသိပညာပေးဟောပြောမှု သတင်း - ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ ထားမလုံဈေးတွင် သဘာဝဘေးအသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များ လှည့်လည်နှိုးဆော် ဆောင်ရွက်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့‌ဟောင်းစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာ (၃)မိုင်မြို့၌ ခရိုင်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်း (BDMC) (၁/၂၀၂၆) သင်တန်းဖွင့်လှစ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများသို့ သဘာဝဘေးအသိပညာပေး ‌‌ဟောပြောမှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊  မေတ္တာရောင်ခြည်လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာတွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောမှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့်အကြိုအသိပညာပေး‌ဟောပြောမှုနှင့် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ လွှပုံကျေးရွာ အုပ်စု၊‌ လွှပုံကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ဆင်မနိုင်ကျေးရွာအုပ်စု၊ ကျွန်းထိပ် ကျေးရွာတွင်ဖြစ်ပွားခဲ့သော လေဘေးမှ သစ်ပင်ပိ တစိတ်တပိုင်းပျက်စီးနေအိမ်(၁)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၅,၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံငွေ (၆,၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ ငွေ(၂၁,၃၀၀/-)ကျပ်အား (၂၈-၉-၂၀၂၀)ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် ဘေးသင့်နေအိမ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_sep2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး … Read more

  • ရေဘေးသင့်ပြည်သူများအား အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးထာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့မှ (၂၀-၉-၂၀၂၀) ရက်နေ့အတွင်း အပူပိုင်းမုန်းတိုင်း “နိုလ်” ၏ အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုက်ခတ်ကာ ထိခိုက်ပျက်စီးခဲ့သော ကျွန်းစုမြို့နယ်ရှိ ရေမြစ်ကြီးကျေးရွာအုပ်စု၊ ကော်ဇယာကျေးရွာအုပ်စု၊ တာလပိုင်းကျေးရွာအုပ်စု၊ မအိုင်ကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာအုပ်စုများရှိ ရေဘေးသင့် လုံးဝပျက်စီးအိမ်ခြေ (၁၈) လုံးနှင့် တစိတ်တစ်ပိုင်းပျက်စီးနေအိမ် (၆၃) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၆၂၀,၀၀၀) ကျပ်၊ ဘေးသင့်ပြည်သူ (၄၁၇) ဦးအတွက် (၇) ရက္စာ ဆန်ဖိုးထောက်ပံ့ငွေ (၈၇၅,၇၀၀) ကျပ်၊ … Read more

  • ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဖားကန့်မြို့နယ်တို့တွင် ရေကြီးရေလျှံဖြစ်ပွားမှုကြောင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိမှုသတင်း

    စက်တင်ဘာ ၂၇၊ နေပြည်တော် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၌ စက်တင်ဘာလ(၂၇)ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ မြစ်ရေဝင်ရောက်ခဲ့ရာ မြစ်ကြီးနားမြို့၊ မြေနိမ့်ပိုင်း ရပ်ကွက်များဖြစ်သော လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ ရမ်ပူနှင့် မြို့သစ်ကြီးရပ်ကွက်တို့မှ အိမ်ထောင်စု (၉၇)စု၊ လူဦးရေ(၄၂၄)ဦးတို့သည် ရေဘေးကယ်ဆယ်ရေးစခန်း(၆)ခုသို့ ခေတ္တပြောင်းရွှေ့ခိုလှုံလျက်ရှိ ကြောင်း သိရှိရပါသည်။ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် နေရာများသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ပြီး ရွှေ့ပြောင်းကိစ္စများ၊ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရေဘေးသင့်ပြည်သူ … Read more

  • Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်မှစ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူပေါင်း၍ အင်္ဂပူမြို့နယ်၊ သပြေပင်အုပ်စု၊ ကမ္ဘားကြီးကျေးရွာ၊ ပိုးစာတော‌ကျေးရွာ၊ ဝဲကြီးကျေးရွာ၊ သ‌ပြေပင်ကျေးရွာ၊ ကြာနီ(အရှေ့)ကျေးရွာတို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှုမပေါ်ပေါက်စေရေး ပြည်သူသို့ပန်ကြားချက်နှင့် ဧရာဝတီတိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအသိပညာများအား အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID–19 လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းများအတွက် စိတ်ခွန်အားမြှင့်တင်ပေးခြင်း သင်တန်းသို့ တက်ရောက် အားပေးစကားပြောကြား

    ~~~~~~~~ Source: MOSWRR ~~~~~~~~ စက်တင်ဘာ၊ ၂၇၊ နေပြည်တော် ~~~~~~~~   COVID–19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီကြသည့် စေတနာ့ဝန်ထမ်းများအား စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးခြင်းနှင့် စိတ်လူမှုစောင့်ရှောက်မှုပေးခြင်း သင်တန်းကို အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ရာ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အားပေးစကားပြောကြားခဲ့ပါသည်။   ပြည်ထောင်စုဝန်ကြီးက COVID–19 ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်နိုင်ရန် ထိန်းချုပ်ရေးလုပ်ငန်းစဉ်သည် အဓိကကျပေါကြောင်း၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွင် အားလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း၊ … Read more

  • COVID-19 ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၉-၂၀၂၀) ရက်နေ့တွင် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးကျေးရွာအုပ်စု လင်ဖုံကြီးကျေးရွာ၊ နွားလဝိုးကျေးရွာအုပ်စု လင်ဖုံလေးကျေးရွာ ထီရိကျေးရွာနှင့် ပုဒါးညေးကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_sep2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)